ဘရာဇီးဘောလုံးကလပ်အသင်း လိုက်ပါသည့် လေယာဉ် ဆီပြတ်သွားခြင်းကြောင့် ပျက်ကျဟု ဆို

ဘရာဇီးဘောလုံးကလပ်အသင်း လိုက်ပါသည့် လေယာဉ် ဆီပြတ်သွားခြင်းကြောင့် ပျက်ကျဟု ဆို

ကိုလံဘို၊ ဒီဇင်ဘာ ၁ ။               ။ ကိုလံဘီယာနိုင်ငံတွင် ပျက်ကျသော ဘရာဇီးကလပ်အသင်း လိုက်ပါသည့် လေယာဉ်သည် ဆီပြတ်သွားခြင်းကြောင့် ပျက်ကျခြင်းဖြစ်ကြောင်း ထွက်ပေါ်လာသည့် အသံမှတ်တမ်းများအရ သိရသည်။

လျှပ်စစ်ချွတ်ယွင်းမှုနှင့် ဆီပြတ်တောက်ခြင်းကြောင့် မြေပြင်ဆင်းခွင့် အကြိမ်ကြိမ် လှမ်းတောင်းသည့် လေယာဉ်မှူးဖြစ်သူ၏ အသံကို ယင်းမှတ်တမ်းတွင် ကြားရသည်။ လေယာဉ်ပျက်ကျမှုတွင် လိုက်ပါသူ ရ၇ ဦး၌ ခြောက်ဦးသာ ရှင်ကျန်သည်။

မက်ဒလင်းတွင် နိုဝင်ဘာ ၃၀ ရက် ဗိုလ်လုပွဲအတွက် ဘရာဇီးဘောလုံးအသင်း ရှာပါးကွင်းစ် က အဆိုပါ လေယာဉ်တွင် လိုက်ပါလာခဲ့ခြင်းဖြစ်သည်။ အသင်းပရိသတ်များက ဝမ်းနည်းကြောင်း အထိမ်းအမှတ်များ ပြုလုပ်ကြသည်။

ရှာပါးကွင်းစ်နှင့် အက်သလက်တီကိုအသင်းသို့ ယှဉ်ပြိုင်ကြမည့် ဘောလုံးကွင်းသို့ လာရောက်သူပရိသတ်များက ဖယောင်းတိုင်များ ဆောင်ယူကာ ထွန်းညှိခြင်း၊ အကျင်္ီအဖြူများ ဝတ်ဆင်ကာ အထိမ်းအမှတ်ပြုလုပ်ပေးခြင်းများ ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags