ရှန်ဟိုင်းရှင်ဟွာအသင်းနည်းပြအဖြစ် ဆန်းဒါးလန်းနည်းပြဟောင်း ပိုယက်ခန့်အပ်ခံရ

ရှန်ဟိုင်းရှင်ဟွာအသင်းနည်းပြအဖြစ် ဆန်းဒါးလန်းနည်းပြဟောင်း ပိုယက်ခန့်အပ်ခံရ

နိုဝင်ဘာ ၃၀၊ ရှန်ဟိုင်း။                ။ ဆန်းဒါးလန်းနည်းပြဟောင်း ဂုစ်ပိုယက်သည် တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်းရှင်ဟွာအသင်း၏ နည်းပြသစ်အဖြစ် ခန့်အပ်ခံခဲ့ရ သည်။

ရှန်းဟိုင်းရှင်ဟွားအသင်းမှာ ပြီးခဲ့သည့်ရာသီက အဆင့် ၄ နေရာဖြင့်သာ စိတ်ပျက်ဖွယ်အဆုံးသတ်ခဲ့ရပြီးနောက် စပိန်လူမျိုး ဂရီဂေါ်ရီ မန်ဇာနိုနေရာတွင် ပိုယက်ဖြင့်အစားထိုးလိုက်ခြင်းဖြစ်သည်။

အသက် ၄၉ နှစ်အရွယ် ပိုယက်သည် ယခုနှစ်တွင် ဘက်တစ်အသင်းကို ၁၁ ပွဲကိုင်တွယ်ပြီးချိန်တွင် တန်းဆင်းဇုန်နှင့် နှစ်မှတ် အကွာသို့ရောက်နေသဖြင့် ထုတ်ပယ်ခံခဲ့ရသူဖြစ်သည်။

ချယ်လ်ဆီးနှင့် စပါးကစားသမားဟောင်းမှာ ယခုတစ်ပတ်တွင် ရှန်ဟိုင်းရှင်ဟွာနည်းပြအဖြစ် စတင်တာဝန်ထမ်းဆောင်မည်ဖြစ် သည်။

ပိုယက်အနေဖြင့် ရာသီသစ်တွင် အသင်း၏နည်းစနစ်ပိုင်းကိုပိုမိုတိုးတက်ကောင်းမွန်အောင်လုပ်ဆောင်ပြီး အာရှနှင့် ပြည်တွင်း၌ ရလဒ်ကောင်းများရယူပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း ရှန်ဟိုင်းရှင်ဟွာအသင်းက ကြေညာချက်ထုတ်ခဲ့သည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly