ကိုဖီအာနန်ကို ဆန္ဒပြကန့်ကွက်ရန် ရခိုင်ဒေသခံများ စီစဉ်နေ

ကိုဖီအာနန်ကို ဆန္ဒပြကန့်ကွက်ရန် ရခိုင်ဒေသခံများ စီစဉ်နေ
 ပထမအကြိမ် ခရီးစဉ်အတွင်း ဒေသခံများက ကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မတီကို ကန့်ကွက်ဆန္ဒပြနေစဉ် (ဓာတ်ပုံ - မိုးအောင်/RiA)

စစ်တွေ၊ နိုဝင်ဘာ ၃၀ ။               ။ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဌ မစ္စတာ ကိုဖီအာနန်၏ ဒုတိယမြောက် ရခိုင်ခရီးစဉ်တွင် ဒေသခံများက ဆန္ဒပြကန့်ကွက်ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။

“ကော်မရှင်ကို အယုံအကြည်မရှိကြောင်း ကျနော်တို့ ကန့်ကွက်ဆန္ဒပြမယ်။ လွှတ်တော်ထဲမှာ ဖျက်သိမ်းဖို့လည်း အ တည်ပြုထားပြီး ဖြစ်တာကြောင့် ဆုံးဖြတ်ချက်ကို လိုက်နာဖို့ တောင်းဆိုမှာပါ” ဟု ရခိုင်အမျိုးသားပါတီ စစ်တွေမြို့နယ် အတွင်းရေးမှူး ဦးအောင်သန်းဝေက ပြောသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်သည် ရခိုင်ပြည်နယ်သို့ နှစ်ကြိမ် လာရောက်ခဲ့ပြီးဖြစ်ကာ ပထမအကြိမ်တွင် သာ ဥက္ကဌ မစ္စတာကိုဖီအာနန်ပါဝင်ခဲ့ခြင်း ဖြစ်သည်။

စက်တင်ဘာ ၁၆ ရက်နေ့က ပထမဦးဆုံးအကြိမ်အဖြစ် ကိုဖီအာနန် ရခိုင်ပြည်နယ်ကို ရောက်ရှိခဲ့စဉ်ကလည်း ဒေသခံ များ၏ ဆန္ဒပြကန့် ကွက်မှုများနှင့် ကြုံတွေ့ခဲ့ရသည်။

ကော်မရှင်အဖွဲ့ဝင်များသည် ဒီဇင်ဘာ ၂ ရက်နေ့တွင် စစ်တွေမြို့ကို ရောက်ရှိမည်ဖြစ်ပြီး နှစ်ဖက်လူ့အဖွဲ့အစည်းများနှင့် တွေ့ဆုံကာ မောင်တော၊ မြေပုံနှင့် မြောက်ဦးမြို့များသို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly