ကက်စထရိုအား ဂုဏ်ပြုလျက် တော်လှန်ရေးရင်ပြင်တွင် လူထောင်သောင်းချီကာ စုရုံး

ကက်စထရိုအား ဂုဏ်ပြုလျက် တော်လှန်ရေးရင်ပြင်တွင် လူထောင်သောင်းချီကာ စုရုံး

ဟာဗားနား၊ နိုဝင်ဘာ ၃၀ ။               ။ ကျူးဘားနိုင်ငံ ဟာဗားနားမြို့တော်ရှိ တော်လှန်ရေးရင်ပြင်တွင် လူပေါင်း ထောင်သောင်းချီကာ ဆုံးပါးခဲ့ပြီဖြစ်သော ကျူးဘားတော်လှန်ရေးခေါင်းဆောင် ကက်စထရိုအား ဂုဏ်ပြုစုရုံးခဲ့သည်။

ကျူးဘား အမျိုးသားသီချင်းကို သီဆိုကာ စတင်လိုက်ပြီး တက်ရောက်လာသည့် ဂုဏ်သရေလူကြီးများက မိန့်ခွန်းများ တက်ရောက်ပြောကြသည်။

ကက်စထရိုသည် ၁၉၅၉ ခုနှစ်အတွင်းက အာဏာရခဲ့ပြီး ကွန်မြူနစ်တော်လှန်ရေးကို ဦးဆောင်ခဲ့သူဖြစ်ကာ နိုဝင်ဘာ ၂၅ ရက်က အသက် ၉၀ တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဂုဏ်ပြုစုရံးမှုသို့ လက်ဝဲယိမ်း လက်တင်အမေရိကနိုင်ငံများမှ ခေါင်းဆောင်များ တက်ရောက်ခဲ့သော်လည်း အခြားသောနိုင်ငံများက အဆင့်နိမ့်ကိုယ်စားလှယ်များသာ စေလွှတ်ခဲ့သည်။

ကျူးဘားနိုင်ငံအား တစ်ပါတီစနစ်ဖြင့် ရာစုနှစ်ဝက်နီးပါး အုပ်ချုပ်ခဲ့သည့် ဖီဒယ်ကက်စထရိုအပေါ် အမြင်သဘောထားများသည်လည်း ကွဲပြားလျက်ရှိနေသည်။

ထောက်ခံသူများက ကျူးဘားနိုင်ငံအား ပြည်သူ့လက်တွင် ပြန်ပေးအပ်သူအဖြစ် ပြောကြကာ ပြည်သူ့ကျန်းမာရေးနှင့် ပညာရေးကဲ့သို့ လူမှုစီမံကိန်းများကြောင့် ချီးမွှမ်းကြသည်။

သို့သော် ဝေဖန်သူများဖက်က ကက်စထရိုအား အာဏာရှင်အဖြစ်ဆိုကာ အတိုက်အခံနှင့် အမြင်မတူသူများအား သည်းခံမှု မရှိသူဖြစ်ကြောင်း ပြောကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly