အိုဟိုင်းယိုတက္ကသိုလ်၌ ကားနှင့် ဓားဖြင့် တိုက်ခိုက်ခဲ့သူက အိုင်အက်စ်စစ်သားဖြစ်ဟုဆို

အိုဟိုင်းယိုတက္ကသိုလ်၌ ကားနှင့် ဓားဖြင့် တိုက်ခိုက်ခဲ့သူက အိုင်အက်စ်စစ်သားဖြစ်ဟုဆို

နယူးယောက်၊ နိုဝင်ဘာ ၃၀ ။               ။ အမေရိကန်နိုင်ငံ တက္ကသိုလ်တစ်ခုတွင် နိုဝင်ဘာ ၂၈ ရက်က ကားနှင့် လိုက်တိုက်ပြီး ဓားဖြင့်ပါ လိုက်လံတိုက်ခိုက်ခဲ့သူသည် ၎င်းတို့၏ စစ်သားဖြစ်ကြောင်း အိုင်အက်စ်အဖွဲ့က ကြေညာသည်။

အိုဟိုင်းယိုပြည်နယ်တက္ကသိုလ် ပရဝုဏ်အတွင်း ဆိုမာလီမှ ကျောင်းသားဖြစ်သူ အဗ္ဗဒူရာဇက်အလီအတန်က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အသက် ၁၈ နှစ်အရွယ် အလီအတန်သည် စီးပွားရေးဘာသာရပ်ကို ယူထားသည့် ၎င်းတို့၏ စစ်သားတစ်ယောက်ဖြစ်ကြောင်း အိုင်အက်စ်သြဇာခံ Amaq သတင်းအေဂျင်စီက ဖော်ပြသည်။

အဆိုပါ ကြေညာချက်နှင့် ပတ်သက်ကာ တာဝန်ရှိသူများဖက်က လတ်တလော အတည်ပြုသေးခြင်း မရှိပေ။

“အိုဟိုင်းယိုမှာ တိုက်ခိုက်ခဲ့သူက အိုင်အက်စ်စစ်သားတစ်ဦးပါ။ နိုင်ငံတကာညွန့်ပေါင်းနိုင်ငံတွေက အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်ရေးကို စွမ်းဆောင်ခဲ့တာဖြစ်ပါတယ်။”ဟု Amaq သတင်းက ဖော်ပြသည်။

Amaq သတင်းဌာနက အဆိုပါ သတင်းဖော်ပြချက်နှင့်အတူ ပန်းရုံရှေ့တွင် ရှပ်အင်္ကျီအပြာဝတ်ကာ ထိုင်လျက်ရှိသည့် အလီအတန်၏ ပုံကိုပါ ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly