ရွေးကောက်ပွဲအား ရုရှ နှောင့်ယှက်လိမ့်မည်ဟု ဂျာမနီထောက်လှမ်းရေးအကြီးအကဲ သတိပေး

ရွေးကောက်ပွဲအား ရုရှ နှောင့်ယှက်လိမ့်မည်ဟု ဂျာမနီထောက်လှမ်းရေးအကြီးအကဲ သတိပေး

ဘာလင်၊ နိုဝင်ဘာ ၂၉ ။             ။ လာမည့်နှစ် ဂျာမနီနိုင်ငံ၏ ရွေးကောက်ပွဲအပေါ် ဆိုက်ဘာတိုက်ခိုက်မှုများဖြင့် ရုရှက နှောင့်ယှက်လာနိုင်ကြောင်း ပြည်ပထောက်လှမ်းရေးအကြီးအကဲက သတိပေးသည်။

ပြည်ပထောက်လှမ်းရေးအေဂျင်စီအနေဖြင့် ဆိုက်ဘာတိုက်ခိုက်မှုများဖြင့် ရွေးကောက်ပွဲ ကမောက်ကမဖြစ်အောင် လုပ်လာနိုင်ခြင်းအပေါ် သတိရှိနေကြောင်း ဘရွန်နိုခယ်လ်က ပြောသည်။

“ဒီလို ရွေးကောက်ပွဲ ကမောက်ကမဖြစ်အောင်လို့ ဥရောပကို ပစ်မှတ်ထားနေတယ်။ ဂျာမနီကို ပိုပြီး ပစ်မှတ်ထားခံနေရတာ ဖြစ်တယ်။”ဟု Sueddeutsche Zeitung သတင်းစာသို့ ၎င်းက ပြောသည်။

ထိုကဲ့သို့သော ဆိုက်ဘာတိုက်ခိုက်မှုများနှင့် ပတ်သက်ကာ ရုရှ သို့တည်းမဟုတ် ရုရှနှင့် ပတ်သက်သည့် အုပ်စုများက အမြဲလို စွပ်စွဲမှုများ ရှိထားသည်။

လာမည့်ဆောင်းဦးတွင် ကျင်းပမည့် ရွေးကောက်ပွဲများအတွက် မဲဆွယ်စည်းရုံးမှုများ မစသေးသော်လည်း ဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်က စတုတ္ထသက်တမ်းအတွက် ဝင်ရောက်ယှဉ်ပြိုင်ဖြစ်မည်ဟု ပြီးခဲ့သည့် သီတင်းပတ်က ကြေညာထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags