ဒူတာတေး၏ သက်တော်စောင့်အဖွဲ့အား လမ်းဘေးဗုံး ထိမှန်

ဒူတာတေး၏ သက်တော်စောင့်အဖွဲ့အား လမ်းဘေးဗုံး ထိမှန်

မနီလာ၊ နိုဝင်ဘာ ၂၉ ။           ။ ဖိလစ်ပိုင်နိုင်ငံတွင် အစ္စလာမ်အစွန်းရောက်များနှင့် အစိုးရတပ်များ တိုက်ပွဲများ ပြင်းထန်နေသည့် နယ်မြေသို့ သမ္မတ ဒူတာတေး သွားရောက်ရန် ရှိသည့် ခရီးစဉ် တစ်ရက်အလို နိုဝင်ဘာ ၂၉ ရက်၌ သမ္မတ သက်တော်စောင့်အဖွဲ့ဝင် ခုနစ်ဦး လမ်းဘေးဗုံးထိမှန် ဒဏ်ရာရခဲ့ကြသည်။

ထိုသို့ သက်တော်စောင့်အဖွဲ့အပြင် စစ်သားနှစ်ဦးပါ ဒဏ်ရာရခဲ့လင့်ကစား ဒူတာတေးက သူ့အနေဖြင့် အကြံပေးများ၏ စကားကို ငြင်းပယ်ပြီး တိုက်ပွဲများဖြစ်ရာ ဘတ်တက်မြို့မှ ဒဏ်ရာရ စစ်သားများထံ နိုဝင်ဘာ ၃၀ ရက်တွင် သွားရောက်မည်သာ ဖြစ်ကြောင်း ပြောသည်။

“သမ္မတရဲ့ အထူးလုံခြံုရေးတပ်စု လိုက်ပါလာတဲ့ ထရပ်ကားက လက်လုပ်ဖောက်ခွဲရေးပစ္စည်း ပေါက်ကွဲထိမှန်ခံရတာဖြစ်ပါတယ်။ ပစ်တာခတ်တာမျိုး တိုက်ပွဲတော့ မဖြစ်ခဲ့ပါဘူး။”ဟု ကာကွယ်ရေးဝန်ကြီး ဒယ်ဖင်လော်ရန်ဇာနာက မနီလာတွင် သတင်းထောက်များအား ပြောခဲ့သည်။

ဒဏ်ရာရသူများကို လေယာဉ်ဖြင့် ဘေးကင်းရာသို့ သယ်ဆောင်ပို့ပေးခဲ့သည်။ အဆိုပါ ယာဉ်တန်းတွင် သမ္မတရုံး မီဒီယာသတင်းအဖွဲ့ဝင်များလည်း ပါရှိခဲ့သော်လည်း ၎င်းတို့မှာ ထိခိုက်အနာတရ ဖြစ်ခြင်း မရှိပေ။

အိုင်အက်စ်လိုလားသော Maute စစ်သွေးကြွအုပ်စု သိမ်းပိုက်ထားသည့် မြူနီစီပယ်အဆောက်အအုံဟောင်းတစ်ခုအား ဝေဟင်နှင့် မြေပြင် ညှပ်တိုက်ရာတွင် စစ်သွေးကြွ ၄၀ နီးပါးကို သုတ်သင်နိုင်ကြောင်း စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး အက်ဒ်ဂတ်အရီဗာလိုက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly