မြစ်ကြီးနားတွင် နိုင်ငံရေး အပြောင်းအလဲမှာ တရားမျှတမှု ရှာဖွေခြင်း အလုပ်ရုံဆွေးနွေးပွဲ တားမြစ်ခံရ

မြစ်ကြီးနားတွင် နိုင်ငံရေး အပြောင်းအလဲမှာ တရားမျှတမှု ရှာဖွေခြင်း အလုပ်ရုံဆွေးနွေးပွဲ တားမြစ်ခံရ

ချင်းမိုင်(မဇ္စျိမ)၊ နိုဝင်ဘာလ ၂၉  ရက်၊  ။               ။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် နိုဝင်ဘာလ ၂၈ ရက်က နိုင်ငံရေး အပြောင်းအလဲတွင် တရားမျှတမှုကို ရှာဖွေခြင်း -စိန်ခေါ်မှုများနှင့် မဟာဗျူဟာများ အမည်ဖြင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပနေစဉ် ပြည်ထောင်စုအစိုးရက တို်က်ရိုက်ညွန် ကြား၍ တားမြစ်ခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့ Palm Spring ဟိုတယ်တွင် Australia-Myanmar Constitutional Democracy project နှင့် Community of democracy အဖွဲ့တို့မှ ခေါ်ယူကျင်းပနေသော အလုပ်ရုံဆွေးနွေးပွဲအား ၂ လကြာ ကြိုတင်ခွင့်ပြုချက် တောင်းခံ၍ ပြုလုပ်ခဲ့သော်လည်း ပြည်ထောင်စုအဆင့် ဝန်ကြီးမှ ဖုန်းဖြင့် အကြောင်းကြား၍ တားမြစ်ခဲ့ပြီးနောက် ပြည် နယ်အစိုးရက ထားမြစ်ကြောင်းစာကို ယနေ့ ညနေ ၄ နာရီချိန်တွင် ထုတ်ပေးခဲ့ခြင်းဖြစ်သည်ဟု အထက်တန်းရှေ့နေ ဦးလွမ်းဇောင်းက ပြောသည်။

“ကျနော်တို့ ၂ လကြိုတင်စာတင်ပြီ းလုပ်တာ သူတို့က အကြောင်းမပြန်ဘဲနဲ့ ဒီနေ့မှ ပြည်ထောင်စုဝန်ကြီးက ဖုန်းဆက် ပြီး ပိတ်လိုက်တယ်။ ညနေ ၄ နာရီလောက်မှ ပြည်နယ်အစိုးရက နယ်မြေရဲ့ အခြေအနေအရ လတ်တလော ဆောင် ရွက်ခွင့် မပြုပေးပါကြောင်းစာမှာ ပြောထားတယ်” ဟု ရှေ့နေ ဦးလွမ်းဇောင်းက ပြောသည်။

ယခုကဲ့သို့ အလုပ်ရုံဆွေးနွေးပွဲ တားမြစ်ခံရမှုကြောင့် လက်ရှိအစိုးရ၏ လုပ်ဆောင်မှုအပေါ် ကသိကအောက် ဖြစ်ရသည် ဟု သူက ဆက်လက်ပြောဆိုသည်။

“ဒါကတော့ နှစ်လကြို ခွင့်ပြုချက်တောင်းခံတာကို ဒီနေ့ စတဲ့နေ့မှ စာထုတ်ပေးတယ်ဆိုတော့ ကျနော်တို့ ကုန်ကျမှုတွေ၊ ပြင်ဆင်မှုတွေက လုပ်ရတာ အလကားဖြစ်သွားတယ်။ သူတို့ တစ်ပတ်လောက်ကြို ထုတ်ပေးသင့်တယ်။ ခုလိုလုပ်တာ က အစိုးရ အရမ်းသိက္ခာကျတယ်။ ကျနော်တို့ လုပ်နေရင်း ပိတ်လိုက်တယ်ဆိုတော့ ကသိကအောက်ဖြစ်သွားတယ်လေ ”  ဟု သူက ပြောသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာလ ၂၈ ရက်နှင့် ၂၉ ရက်များတွင် ၂ ရက်ကြာ ကျင်းပရန် လျာထားသော်လည်း အစိုးရမှ ပိတ်ပင်တားဆီးခဲ့သဖြင့် ဆက်လက်ကျင်းပနိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ သမ္မတရုံးဒုတိယညွှန်ကြားရေးမှူးချုပ်  ဦးဇော်ဌေးအား ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ပေ။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly