အိမ်ရှေ့စံအား နန်းတင်ရန် ထိုင်းကက်ဘိနက်က လွှတ်တော်သို့ တင်သွင်း

အိမ်ရှေ့စံအား နန်းတင်ရန် ထိုင်းကက်ဘိနက်က လွှတ်တော်သို့ တင်သွင်း

ဘန်ကောက်၊ နိုဝင်ဘာ ၂၉ ။            ။ ထိုင်းဘုရင် ဘူမိဘော နတ်ရွာစံပြီး သီတင်းပတ်အတန်ကြာတွင် သားတော် အိမ်ရှေ့စံအား နန်းတင်ရန် ကက်ဘိနက်က နိုဝင်ဘာ ၂၉ ရက်၌ လွှတ်တော်သို့ တင်သွင်းသည်။

“ဝန်ကြီးချုပ်ရဲ့ အတွင်းဝန်က အမျိုးသားလွှတ်တော်ကို တင်သွင်းမှာဖြစ်ပါတယ်။”ဟု ဒုတိယဝန်ကြီးချုပ် ပရာဝတ်ဝေါင်ဆူဝန်က ပြောသည်။

လုပ်ထုံးလုပ်နည်းအားဖြင့် လွှတ်တော်ဥက္ကဌဖြစ်သူက အိမ်ရှေ့စံအား တရားဝင်ကမ်းလှမ်းမှုပြုပြီးနောက် ဘုရင်အဖြစ် တင်မြှောက်ကြောင်း ကြေညာရသည်။

“လွှတ်တော်ဥက္ကဌက မနက်ဖြန်ဖြစ်ဖြစ် သန်ဖက်ခါဖြစ်ဖြစ် တင်မြှောက်ဖြစ်ဖွယ်ရှိတယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။”ဟု ထိုင်းစစ်အစိုးရ၏ နံပါတ် နှစ် ခေါင်းဆောင်လည်းဖြစ်သည့် ပရာဝတ်ဝေါင်ဆူဝန် က ပြောပြီး အရာရာတိုင်းအား လုပ်ထုံးလုပ်နည်းနှင့်အညီ လုပ်ဆောင်လျက်ရှိသည်ဟု ဖြည့်စွက်ဆိုသည်။

အောက်တိုဘာ ၁၃ ရက် သက်တော် ၈၈ နှစ်တွင် ထီးနန်းအား ဆယ်စုနှစ် ခုနစ်ခုစာ စိုးစံပြီးနောက် ဘုရင်ဘူမိဘော နတ်ရွာစံခဲ့ရ အစဉ်အဆက်အားဖြင့် သားတော် အိမ်ရှေ့စံ ဝိဇီရလောင်ကွန်က ထီးနန်းဆက်ခံမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly