သေနတ်ထိမှန် သေဆုံးခဲ့သော မောင်ဂွမ်ဆိုင်းအောင် အမှု စစ်တရားရုံးတွင် စတင်စစ်ဆေး

သေနတ်ထိမှန် သေဆုံးခဲ့သော မောင်ဂွမ်ဆိုင်းအောင် အမှု စစ်တရားရုံးတွင် စတင်စစ်ဆေး

ချင်းမိုင်၊ နိုဝင်ဘာလ ၂၉ ။            ။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဗလမင်းထင်တံနားအနီး သေနတ်ထိမှန် သေဆုံးခဲ့သော မောင်ဂွမ်ဆို်င်းအောင် အမှုကို ယနေ့ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ကချင်ပြည်နယ်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိ အကျဉ်းစစ်တရားရုံး၌ ပထမဆုံးအ ကြိမ် စတင်စစ်ဆေးခဲ့ကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်းတွင် ရဲတပ်သားမောင်မောင်ဘက်မှ သက်သေ ၄ ဦး၏ ထွက်ဆိုချက်များ ဖတ်ပြခဲ့ပြီး သေဆုံးသူ မောင် ဂွမ်ဆိုင်းအောင်ဘက်မှ အခင်းဖြစ်ပွားစဉ် ဆိုင်ကယ်အတူစီးခဲ့သော သူ၏ သူငယ်ချင်း မောင်ထွယ်ဆိုင်းအောင်က သက်သေထွက်ဆိုခဲ့သည်ဟု အမှုကို ကူညီဆောင်ရွက်ပေးနေသော ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ ဥက္ကဋ္ဌ ဦး ဇော်ဂျတ်က ပြောသည်။

“ဒီနေ့က တပ်သားမောင်မောင်ဘက်က သက်သေထွက်ဆိုတဲ့ဟာ ဖတ်ပြတယ်။ ကျနော်တို့ဘက်က သက်သေတစ်ဦး ဖတ်ပြတယ်။ အဲဒါတွေကို ချုပ်ပြီးတော့မှ စစ်တရားရုံးက ဥက္ကဋ္ဌက တပ်သားမောင်မောင်မှာ အပြစ်ရှိလားလို့ မေးတော့ အပြစ်ရှိ ပါတယ်လို့ ပြောတယ်။ ပြီးတော့ ခုံရုံးဥက္ကဋ္ဌကလည်း နှစ်ရက်၊ သုံးရက် အထက်ကို ပြန်တင်ပြပြီးတော့ အမိန့်ချ မယ်လို့ ပြောတယ်”ဟု ပြောသည်။

အဆိုပါ အမှုကို ၅ လကြာ စစ်ဆေးခြင်းမရှိဘဲ တပ်မတော်မှ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် အမှုစစ်ဆေးမည်ဟု ပြည်နယ် ရဲတပ်ဖွဲ့သို့ အကြောင်းကြားလာခြင်း ဖြစ်သည်ဟု သူက ပြောသည်။

တပ်မတော် စစ်တရားရုံးက အမိန့်ချမှတ်ပြီးသော်လည်း အရပ်ဘက် တရားရုံးသို့ပြန်လည် လွဲပြောင်း ယူနိုင်ရေးအတွက် ဆက်လက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သူက ဆိုသည်။

“သူတို့ဘက်က ဖတ်ပြတဲ့သက်သေထွက်ဆိုတဲ့ထဲမှာ တော်တော်လွဲနေတာတွေရှိတယ်။ သေနပ်လုတယ်။ ရုန်းရင်းဆန်ခတ်ပြီးတော့မှ ကျည်ဖောက်ထွက်ပြီးတော့ ဆုံးသွားတယ်လို့ဘဲ ပြောတယ်။ သူတို့ တရားလိုရှေ့နေအနေနဲ့ ဒီတပ်သား မောင်မောင်ကို ကြီးစွာ အပြစ်ယူပေးရန် ပြောလာတာတော့ ရှိတယ်။ အဲဒီအပေါ်မှာ ကျနော်တို့က လက်တွေ့လုပ်တဲ့ အချိန်ဘဲ သိမယ်။ ဒါပေမဲ့ ကျနော်တို့ အရပ်ဘက်တရားရုံးကို ဆက်ပြီး လုပ်သွားဖို့ ရှိတယ်” ဟု ဦးဇော်ဂျတ်က ဆက်လက် ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်နေ့ ညတွင် တပ်မတော် တပ်သားမောင်မောင်က ဗလမင်းထင်တံတားလုံခြံုရေး တာဝန်ထမ်း ဆောင်ချိန်တွင် အမျီုးသမီးနှစ်ဦးနှင့် အမျိုးသားနှစ်ဦးတို့မှ ၄င်းတို့ကို လူ ၈ ဦး လိုက်လံနှောက်ယှက်နေသည်ဟု ဆိုကာ အကူအညီ တောင်းရာမှ လိုက်ပို့ပေးသည့်အချိန်တွင် လမ်းတွင် လူ ၈ ဦးနှင့် လုံးထွေးထိုးကြိတ်ခဲ့ပြီး သေနပ်အား လု ယက်စဉ် တပ်သားတစ်ဦး ကို်င်ဆောင်သော သေနပ်မှ ကျဉ်ပေါက်ထွက်ပြီး မောင်ဂွမ်ဆိုင်းအောင် ကျည်ဆံထိမှန်၍ သေ ဆုံးခဲ့သည်ဟု ကချင်ပြည်နယ် ရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly