ဂျူဗင်တပ်နောက်ခံလူ ဘိုနုချီ ဒဏ်ရာကြောင့်နှစ်လနားရမည်

ဂျူဗင်တပ်နောက်ခံလူ ဘိုနုချီ ဒဏ်ရာကြောင့်နှစ်လနားရမည်

နိုဝင်ဘာ ၂၉၊ တူရင်။             ။  ဂျူဗင်တပ်အသင်းသည် နောက်ထပ် အဓိက ကစားသမားတစ်ယောက်ဆုံးရှုံးရမှုအဖြစ် နောက်ခံလူ ဘိုနုချီမှာ ဒဏ်ရာကြောင့် နှစ်လခန့်အနားယူရမည်ဖြစ်သည်။

ယင်းနောက်ခံလူမှာ ဂျီနိုအာကို ဂျူဗင်တပ်အသင်း ၃-၁ ဖြင့်ရှုံးသည့် စီးရီးအေပွဲစဉ် ပွဲချိန် ၃၃ မိနစ်တွင် ဒဏ်ရာရခဲ့သဖြင့် လူစားလဲခံခဲ့ရသည်။

ဇွန်လကမှ ဘာစီလိုနာမှပြောင်းလာသည့် အဲလ်ဗက်စ်သည်လည်း ယင်းပွဲတွင်ပင် ခြေထောက်ကျိုးသွားခဲ့ပြီး သုံးလထိအနားယူရ မည့်အရေးနှင့် ရင်ဆိုင်နေရသည်။

ပေါင်ကြွက်သားဒဏ်ရာရခဲ့၍ နှစ်သစ်ကူးကာလအထိ ကစားနိုင်ဖွယ်မရှိသည့် ဘိုနုချီမှာ ရိုးမား၊ မီလန်ပွဲများအပြင် မြို့ခံပြိုင်ဘက် တိုရီနိုနှင့် အဝေးကွင်းပွဲကိုပါ လွဲရမည်ဖြစ်သည်။

နည်းပြအယ်လီဂရီ၏ ဂျူဗင်တပ်အသင်းသည် လက်ရှိတွင် ရိုးမား၊ မီလန်တို့ကို လေးမှတ်၊ လာဇီယို၊ အတ္တလန္တာတို့ကို ငါးမှတ်ဖြတ်ပြီး အမှတ်ပေးဇယားထိပ်ဆုံးမှဦးဆောင်နေသည်။

ဂျူဗင်တပ်အသင်းမှာ ဒဏ်ရာပြဿနာများနှင့်ရင်ဆိုင်နေရပြီး ဘာဇာဂလီနှင့် ဒိုင်ဘာလာတို့ အနားယူနေရချိန်တွင် ကြွက်သား ဒဏ်ရာရနေသည့် ဟီဂူအင်နေရာ၌ အသက် ၁၆ နှစ်အရွယ်သာရှိသေးသည့် မွိုက်စ်ကိန်းကို တိုက်စစ်အတွက် အားဖြည့်ထား ရသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags