ကော်တင်ဟို ခြေကျင်းဝတ်ဒဏ်ရာကြောင့် ဇန်နဝါရီ လလယ်ပိုင်းအထိ အနားယူရဖွယ်ရှိ

ကော်တင်ဟို ခြေကျင်းဝတ်ဒဏ်ရာကြောင့် ဇန်နဝါရီ လလယ်ပိုင်းအထိ အနားယူရဖွယ်ရှိ

လီဗာပူးလ် တိုက်စစ်မှူး ကော်တင်ဟိုဟာ တနင်္လာနေ့က သူ့ရဲ့ ခြေကျင်းဝတ်ဒဏ်ရာကို စကင်ဖတ် စစ်ဆေးကြည့်ခဲ့ရာ စိုးရိမ်စရာတွေကြားက ဇန်နဝါရီလလယ်ပိုင်းအထိ နားရတော့မယ်လို့ သိရှိရပါတယ်။

စနေနေ့က အန်ဖီးလ်မှာ လီဗာပူးလ်အသင်းက ဆန်းဒါးလန်းကို ၂-၀ နဲ့ နိုင်တဲ့ပွဲမှာ အသက် ၂၄ နှစ်အရွယ် ကော်တင်ဟိုဟာ Didier Ndong နဲ့ ထိခိုက်မိပြီးနောက် ထမ်းစင်နဲ့ အပြင်ကို သယ်ဆောင်သွားခဲ့ရပါတယ်။

စကင်ဖတ် စစ်ဆေးမှုများအရ ပုံမှန်အားဖြင့် ကော်တင်ဟိုအနေနဲ့ ၅ ပတ် သို့မဟုတ် ၆ ပတ်လောက် အနားယူရမယ်လို့ သိရှိရပါတယ်။

ဒါ့ကြောင့် လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် ဇယားမှာ ဒုတိယနေရာအထိ တက်လာသလို နည်းပြ ကလော့ပ်ရဲ့ အလွှမ်းမိုးဆုံးကစားသမား ကော်တင်ဟိုမှာလည်း ယခုဒဏ်ရာအခြေအနေကြောင့် အဓိက ပွဲကြီးတွေအတွက် လက်လွတ်ဖို့ သေချာနေပါတယ်။

လီဗာပူူးလ်ဟာ ဂူဒီဆန်ပါ့ခ်ကွင်းမှာ အဲဗာတန်နဲ့ မာဆေးဆိုက်ဒါဘီကို  ဒီဇင်ဘာ ၁၉ ရက်နေ့မှာ ရင်ဆိုင်ရမှာဖြစ်သလို နှစ်သစ်ကူးမှာ အန်ဖီးလ်မှာ မန်စီးတီးကို လက်ခံကစားရမှာဖြစ်ပါတယ်။

ကော်တင်ဟိုရဲ့ အရွက်ပျက်စီးထိခိုက်မှုကို အတည်ပြုပါက ကော်တင်ဟိုအနေနဲ့ အဆိုပါ နှစ်ပွဲလုံးကို လက်လွတ်ရဖွယ်ရှိပါတယ်။

Ref; BBC Sports

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly