ငွေစက္ကူတစ်ချို့ ဖျက်သိမ်းမှုကြောင့် အိန္ဒိယ မြို့တော်တော်များများတွင် ဆန္ဒပြမှုများ ပေါ်ပေါက်

ငွေစက္ကူတစ်ချို့ ဖျက်သိမ်းမှုကြောင့် အိန္ဒိယ မြို့တော်တော်များများတွင် ဆန္ဒပြမှုများ ပေါ်ပေါက်

နယူးဒေလီ၊ နိုဝင်ဘာ ၂၈ ။           ။ အိနိ်္ဒယအစိုးရက နိုင်ငံသုံး ငွေစက္ကူနှစ်ရပ်အား ဖျက်သိမ်းလိုက်ခြင်းကို ဆန့်ကျင်ကာ မြို့တော်တော်များများတွင် ထောင်ပေါင်းများစွာသော ပြည်သူများ ဆန္ဒပြကြသည်။

ယခုလအစောပိုင်း၌ ရူပီး ၅၀၀ တန်နှင့် ၁၀၀၀ ငွေစက္ကူများကို ဖျက်သိမ်းပြီး အသစ်လဲလှယ်ပေးရာ ဘဏ်များတွင် ငွေလဲသူများ တိုးဝှေ့စီတန်းကြရပြီး ဝရုန်းသုန်းကား အခြေအနေများလည်း ဖြစ်ပွားသည်။

အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအတွက် ယခုကဲ့သို့ ငွေစက္ကူဖျက်သိမ်းရန် ဆုံးဖြတ်ခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ် နာရိန္ဒြာမိုဒီက ခုခံပြောသည်။

သို့သော်လည်း အတိုက်အခံများက ယင်းလုပ်ဆောင်ချက်က စီမံခန့်ခွဲမှု မှားယွင်းညံ့ဖျင်ခြင်းဖြစ်သည်ဟု ဆိုသည်။

ပြီးခဲ့သည့် သီတင်းပတ်၌ အတိုက်အခံများက လွှတ်တော်ကို ဆန္ဒပြလျက် ဝန်ကြီးချုပ်မိုဒီအနေဖြင့် ထိုဆုံးဖြတ်ချက်အတွက် တောင်းပန်သင့်ကြောင်း တောင်းဆိုခဲ့ကြသည်။

ငွေစက္ကူများ ဖျက်သိမ်း၍ ကသီလင်တဖြစ်လင့်ကစား ယင်းလုပ်ဆောင်ချက်ကို ထောက်ခံသူများစွာလည်း ရှိနေ၍ ယခုဆန့်ကျင်မှုအင်အားက မည်သို့သက်ရောက်မှု ရှိမည်ဆိုသည်မှာ မမှန်းဆနိုင်ကြောင်း သတင်းထောက်များက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly