သူပုန်သိမ်းပိုက်ထားရာ အလီပိုမြို့ အဓိကအပိုင်းများကို ဆီးရီးယားတပ်ဖွဲ့ဝင်များ ပြန်လည်သိမ်းပိုက်

သူပုန်သိမ်းပိုက်ထားရာ အလီပိုမြို့ အဓိကအပိုင်းများကို ဆီးရီးယားတပ်ဖွဲ့ဝင်များ ပြန်လည်သိမ်းပိုက်

အလီပို၊ နိုဝင်ဘာ ၂၈ ။          ။ သူပုန်ထိန်းချုပ်ထားရာ အလီပိုမြို့ကို ဆီးရီးယားအစိုးရများ တိုက်ခိုက်သိမ်းယူရာတွင် အဓိကမြို့အရှေ့ပိုင်းနေရာကို ပြန်လည်သိမ်းယူနိုင်၍ မြို့က နှစ်ခြမ်းကွဲနေသည်။

အစိုးရတပ်များက မိုင်းနှင့် ဗုံးများ ထောင်ထားသည်ကို ရှင်းလင်းဖယ်ရှားကာ တိုက်စစ်ကို ဆက်လက်ဆင်နွှဲလျက်ရှိကြောင်း နိုင်ငံပိုင်သတင်းက ဖော်ပြသည်။

အလီပိုတွင် ယခင်သိမ်းပိုက်ထားသည့် နယ်မြေ သုံးပုံတစ်ပုံကို သူပုန်များ လက်လွှတ်လိုက်ရပြီဖြစ်ကြောင်း စောင့်ကြည့်သူများက ပြောသည်။

ပြင်းထန်းသည့် တိုက်ပွဲများဖြစ်၍ ထောင်ပေါင်းများစွာသော ပြည်သူများက အစိုးရတပ်သိမ်းပိုက်ရာ ဧရိယာအခြမ်းဖက်သို့ ထွက်ပြေးခိုလှုံကြသည်။ မိသားစုရာပေါင်းများစွာကို ယင်းနေရာများအတွင်း နေရာချပေးထားသည်။

ဆတ်ခါဝါခရိုင်က ဆီးရီးယားစစ်တပ်လက်အောက် ကျရောက်ခဲ့ပြီဖြစ်ကြောင်း နိုင်ငံပိုင်သတင်းနှင့် ဗြိတိန်အခြေဆိုက် ဆီးရီးယားစောင့်ကြည့်ရေးအဖွဲ့က ပြောသည်။

ယင်းကြောင့် သူပုန်သိမ်းပိုက်နယ်မြေအား နှစ်ခြမ်းခွဲပစ်လိုက်ခြင်းလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags