ကျောက်မိုင်းခွဲကာ လမ်းခင်းကျောက်ထုတ်လုပ်နေခြင်းကို လုံးဝရပ်ဆိုင်းပေးရန် ဒေသခံအချို့ တောင်းဆို

ကျောက်မိုင်းခွဲကာ လမ်းခင်းကျောက်ထုတ်လုပ်နေခြင်းကို လုံးဝရပ်ဆိုင်းပေးရန် ဒေသခံအချို့ တောင်းဆို
ဓာတ်ပုံ - (AFFM)

ရန်ကုန်၊ နိုဝင်ဘာလ ၂၈ ။                ။ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဥတ္တံတားကျေးရွာတွင် ကျောက်မိုင်းခွဲကာ လမ်းခင်းကျောက်ထုတ်လုပ်မှုကြောင့် လယ်ယာ မြေ ပျက်စီးဆုံးရှုံးကာ စားဝတ်နေရေး အခက်အခဲများဖြစ်ပေါ်လာခြင်းကြောင့် လုံးဝရပ်ဆိုင်းပေးရန် ဒေသခံများက တောင်း ဆိုနေကြသည်။

" ဒီ Long life ကျောက်မိုင်းနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ ကျေးရွာမှာ သစ်တောတွေ ပျက်စီးလာတယ်။ အများ ပိုင် စမ်းချောင်းအဖျားလေးပေါ့နော်။ မြေတွေဖို့ပြီးတော ့မိုင်းဧရိယာ ချဲ့တဲ့အတွက် သဲနှုန်းတွေ၊ မိုင်းရဲ့ စွန့်ပစ်မြေတွေက စမ်းချောင်းထဲကို စီးဆင်းလာတယ်။ ဒါကြောင့် စမ်းချောင်းက တိမ်ကောလာပြီး သောက်ရေ အတွက် အခက်အခဲဖြစ် လာတယ်။ ခုလိုစမ်းတွေကောလာတဲ့အတွက် လယ်ယာမြေအတွက် ရေလုံလောက်မှုကလည်း အခက်အခဲဖြစ် လာတယ် " ဟု ၄င်းက ဆိုသည်။

ဒေသခံများအနေဖြင့် ကျောက်မိုင်းခွဲ လမ်းခင်းကျောက်ထုတ်လုပ်နေမှုအား လုံးဝရပ်ဆိုင်းပေးရန် ဌာနဆိုင်ရာများသို့ အကြိမ် ရဝ ခန့်စာပို့တောင်းဆိုထားပြီး ဆန္ဒပြသည်မှာ ၂ ကြိမ်ရှိကြောင်း `၂က ဆိုသည်။

နောက်ဆုံးအနေဖြင့် အောက်တိုဘာလ ၂၇ ရက်နေ့တွင် ကန့်ကွက်လက်မှတ်ပေါင်း ၂၄ဝဝ ကျော် (၂၄၈၇) ဦး ရေးထိုး ကာ ပြည်နယ်အစိုးရထံ တင်ပြခဲ့သော်လည်း တုန့်ပြန်မှုမရရှိသေးကြောင်း သိရသည်။

နိုဝင်ဘာလ ၂၈ ရက်၊ ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ အဝေရာလမ်းသွယ် ၄ ရှိ မြန်မာနိုင်ငံတောင်သူ လယ်သမား၊ စိုက်ပျိုး ရေးနှင့် စားသောက်ကုန်ထုတ် လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (AFFM) တွင် ပြုလုပ်သည့် မွန်ပြည်နယ် အတွင်း ကျောက်မိုင်းခွဲသည့်ကိစ္စ သတင်းစာရှင်းလင်းပွဲတွင် မဇ္စျိမ၏ မေးမြန်းမှုကို ဖြေကြားခဲ့ခြင်း ဖြစ်သည်။

၂ဝ၁၄ ခုနှစ်တွင် Long Life ကျောက်ထုတ်လုပ်ရေး ကုမ္ပဏီ ဝင်ရောက်လာပြီး လမ်းခင်းကျောက် ထုတ်လုပ် သည့် အ ချိန်မှစ၍ ဥယျာဉ်ခြံမြေများ၊ သဘာဝ သစ်တော၊ ဝါးတောများ၊ လယ်များနှင့်   ရေတွင်း၊ ရေကန်များမှာ သုံးမရအောင် ပျက်စီးလျက်ရှိကြောင်း ဥတ္တံတားကျေးရွာတွင် နေထိုင်သည့် မွန်ပြည်နယ်၊ မြန်မာနိုင်ငံတောင်သူ လယ်သမား၊ စိုက်ပျိုး ရေးနှင့် စားသောက်ကုန်ထုတ် လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (AFFM) အတွင်းရေးမှူး ဒေါ်သီတာက ပြောသည်။

" ကျွန်မတို့ မွန်ပြည်နယ်ဝန်ကြီးနဲ့ ပထမဆုံးတစ်ကြိမ် တွေ့ခွင့်ရခဲ့ပါတယ်။ သူက ကျွန်မတို့ကို ဘာပြောလည်း ဆိုလို့ရှိရင် ကျွန်မတို့ ကျေးရွာမှာ ခက်ခဲနေတဲ့ ပြဿနာတွေကို သူကိုယ်တိုင် ၂ ပတ်အတွင်း လာဆင်းကြည့် မယ်ဆိုပြီးတော့ ပြော သွားတယ်ပေါ့။ ဒါပေမယ့် သူမရောက်လာဘူးပေါ့နော်။ ဒါပေမယ့် ကျွန်မတို့ စာတွေနဲ့ အကြိမ်ကြိမ် တင်ပြခဲ့တယ်။ ဘာမှ ထူးခြားမလာဘူး။ ဒါကြောင့် မွန်ပြည်နယ်အဆင့် နဲ့ ဒါကို ဖြေရှင်းလို့ မရတော့ဘူးလို့ထင်လို့ နိုင်ငံတော်အဆင့်နေနဲ့ ဆက်ပြီး လုပ်ဆောင်သွားဖို့ ကြိုးစားသွားပါမယ် " ဟု သူမက ဆိုသည်။

အဆိုပါ ကျေးရွာမှာ စမ်းချောင်းမှ ရရှိသောရေကိုသာ မှီခိုနေရပြီး ကျောက်မိုင်းခွဲမှုများကြောင့် စမ်းရေရရှိသည့် တောင် ပေါ်ရှိ စမ်းပေါက်များပိတ်ဆို့ခြင်းနှင့် စမ်းချောင်းများ တိမ်ကောလာခြင်းကြောင့်   ရေရရှိမှု မလုံလောက်တော့ဘဲ ဥယျာဉ် ခြံ စိုက်ပျိုးမှုများနှင့် လယ်ယာမြေစိုက်ပျိုးမှုအတွက် အခက်အခဲဖြစ်နေခြင်းဖြစ်ကြောင်း ၄င်းကရှင်းပြသည်။

အဆိုပါ ပြဿနာရပ်များကြောင့် ကျောက်မိုင်းခွဲ လမ်းခင်းကျောက် ထုတ်လုပ်နေမှုအား လုံးဝရပ်ဆိုင်းပေးရန်၊ ကျေးရွာ ပြည်သူလူထု၏ ဆုံးရှုံးနစ်နာမှုများကို Long Life ကျောက်ထုတ်လုပ်ရေး ကုမ္ပဏီနှင့် သက်ဆိုင်ရာ ဌာနများမှ တာဝန်ယူ ဆောင်ရွက်ပေးရန်နှင့် သတင်းအချက်အလက််၊ အကျိုးအပြစ်များကို မှန်ကန်ပြည့်စုံစွာ ရှင်းလင်းပေးရန် စသည့်အချက် များကို ဥတ္တံတားကျေးရွာ တောင်သူလယ်သမား၊ စိုက်ပျိုးရေးနှင့် စားသောက် ကုန် ထုတ်လုပ်ငန်းပေါင်းစုံ အလုပ်သမား များ သမဂ္ဂမှ နိုဝင်ဘာလ ၂၈ ရက် ရက်စွဲဖြင့် သဘောထား ထုတ်ပြန်ခဲ့ သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly