ဆိုစီဒက်ကို သရေကျပြီးနောက် ရီးယဲလ်နဲ့ ၆ မှတ်အထိ ကွာဟသွားတဲ့ ဘာစီလိုနာ

ဆိုစီဒက်ကို သရေကျပြီးနောက် ရီးယဲလ်နဲ့ ၆ မှတ်အထိ ကွာဟသွားတဲ့ ဘာစီလိုနာ
(ဓာတ်ပုံ - အီးပီအေ)

ဘာစီလိုနာဟာ အေနိုတာကွင်းမှာ ဆိုစီဒက်ကို သရေကျခဲ့ပြီးနောက် လာမယ့်ပတ် အယ်လ်ကလပ်စီကိုပွဲမတိုင်မီ ဇယားဦးဆောင်သူ ရီးယဲလ်မက်ဒရစ်နှင့် ၆ မှတ်အထိ ကွာဟသွားခဲ့ပါတယ်။

လက်ရှိလာလီဂါချန်ပီယံဟာ အေနိုတာကွင်းမှာ နောက်ဆုံး ၈ ပွဲမှာ နိုင်ပွဲ မရရှိသေးပဲ ဒီပွဲမှာလဲ ဘာစီလိုနာက နောက်ကနေ လိုက်ကစားခဲ့ရပါတယ်။

ဝီလီယံဟိုဆေးက ဆိုစီဒက်အသင်းအတွက် အဖွင့်ဂိုးကို ၅၃ မိနစ်မှာ ခေါင်းတိုက်ယူသွားပြီး နောက် ၆ မိနစ်မှာပဲ နေမားရဲ့ ဖြတ်တင်ပေးပို့မှုကတဆင့် မက်ဆီက ချေပဂိုးကို သွင်းယူသွားခဲ့ပါတယ်။

လက်ကျန်မိနစ်တွေမှာ ဆိုစီဒက်မှ ကားလို့စ်ဗီလာရဲ့ ဂိုးဘားတန်းထိပြီး ပြန်အံထွက်လာတဲ့ ဘောလုံးကို Juanmi က ပိတ်ကန်သွင်းပေးမယ့် ဒိုင်က လူကျွံဘောအဖြစ် သတ်မှတ်ခဲ့တာကြောင့် ဆိုစီဒက်အသင်း နစ်နာခဲ့ရသလို အာဆင်နယ် တိုက်စစ်မှူးဟောင်း ကားလို့စ်ဗီလာရဲ့ ကိုက် ၂၀ အကွာမှ ကန်သွင်းရာမှာ ဂိုးတိုင်ထိသွားလို့ ဘာစီလိုနာ ကံကောင်းခဲ့ပြန်ပါတယ်။

နည်းပြ လူးဝစ် အန်းနရစ်ရဲ့ အသင်းဟာ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု ၄၇.၇ ရာခိုင်နှုန်းရရှိခဲ့တာကြောင့် ယခုရာသီမှာ ပြိုင်ဘက်အသင်းတွေထက် ဘောလုံးပိုင်ဆိုင်မှု ပထမဆုံးအကြိမ်ဖြစ်ခဲ့ပါတယ်။

ဘာစီလိုနာဟာ လာလီဂါ နောက်ဆုံး နှစ်ပွဲဆက် နိုင်ပွဲ မရရှိခဲ့တာကြောင့် အမှတ်ပေးဇယားမှာ ၁၃ ပွဲကစား၊ ၂၇ မှတ်ဖြင့် ဆီဗီလာနှင့် ရမှတ်တူ ဒုတိယနေရာမှာ ရပ်တည်နေပြီး ဆိုစီဒက်ကတော့ ရမှတ် ၂၃ မှတ်နဲ့ အဆင့် ၅ နေရာကို ရောက်လာပါတယ်။

ဘာစီလိုနာအသင်းက လာမယ့်စနေနေ့မှာ ဇီဒန်းရဲ့ အသင်းကို နူးကပ်မှာ ဧည့်ခံရမှာဖြစ်ပါတယ်။

လာလီဂါပွဲစဉ် (၁၃) ရလဒ်များ

ဆိုစီဒက် ၁-၁ ဘာစီလိုနာ
အိုဆာဆူနာ ၀-၃ အက်သလက်တီကို
ဆီဗီလာ ၂-၁ ဗလင်စီယာ
အီဘာ ၃-၁ ဘက်တစ်
မာလာဂါ ၄-၃ ဒီပို့တီဗို
ရီးယဲလ် ၂-၁ စပို့တင်းဂီဂျွန်
အက်စ်ပန်ညို ၃-၀ လီဟာနက်စ်
ဗီလာရီးယဲလ် ၀-၂ အလာဗတ်စ်
ဆယ်လ်တာဗီဂို ၃-၁ ဂရန်နာဒါ

Ref; BBC Sports

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags