မန်ယူကွင်းလယ်လူ ရှဝိန်းစတိုင်ဂါကို ဘရာဇီးကလပ်ဆန်းတို့ စိတ်ဝင်စား

မန်ယူကွင်းလယ်လူ ရှဝိန်းစတိုင်ဂါကို ဘရာဇီးကလပ်ဆန်းတို့ စိတ်ဝင်စား

နိုဝင်ဘာ ၂၇၊ မန်ချက်စတာ။               ။ ဘရာဇီးကလပ်ဆန်းတို့စ်နည်းပြ ဒေါ်ရီဗယ်ဂျူနီယာက ၎င်းတို့၏ ဇန်နဝါရီအဓိက ပစ်မှတ်မှာ ရှဝိန်းစတိုင်ဂါဖြစ်သည်ဟု ပြောဆို လိုက်သည်။

ဘရာဇီးဂန္ထဝင်ကစားသမားပီလီ ကစားသမားဘဝ အချိန်အများစုကို ကုန်ဆုံးဖူးသည့် ဘရာဇီးအကျော်ကြားဆုံးကလပ် ဆန်းတို့စ် သည် မော်ဒန်ဘောလုံးကမ္ဘာတွင် အသင်း၏ ပုံရိပ်ကိုမြှင့်တင်နိုင်ရေး အတွက် နာမည်ကြီး ကစားသမားတစ်ဦးကို ခေါ်ယူချင်နေသည်။

ရှဝိန်းစတိုင်ဂါမှာသင့်တော်သည့်ကစားသမားဖြစ်ဖွယ်ရှိပြီး နည်းပြမော်ရင်ဟို၏အသင်းတွင်ပါဝင်ခွင့်မရသည့်အခြေအနေမှ လွတ်မြောက်ရန် ကြိုးပမ်းဖွယ်ရှိသည်။

ဒေါ်ရီဗယ် ဂျူနီယာက “ဒါက ကျွန်တော်တို့ကို ကမ္ဘာကပိုပြီးအာရုံစိုက်လာနိုင်ပါတယ်။ ဥရောပကလပ်တွေထံက ကမ္ဘာကျော် ကစားသမားတစ်ဦးကိုခေါ်ယူချင်တဲ့ အကြံပါ။

ရှဝိန်းစတိုင်ဂါက အဲဒီပုံစံနဲ့ကိုက်ညီပါတယ်။ သူ့လို သမိုင်းကြောင်းကောင်းတဲ့ ကစားသမား၊ မန်ချက်စတာမှာလည်း မပျော်ဘူး၊ သူကလည်း ဘရာဇီးအသင်းတစ်သင်းကို စိတ်ဝင်စားတယ်ဆိုရင် ကျွန်တော်တို့ စျေးကွက်ထဲမှာ လှုပ်ရှားသွားမှာပါ”ဟု ပြောသည်။

ရှဝိန်းစတိုင်ဂါမှာ ဆန်းတို့စ်အသင်းသို့ ပြောင်းရန်စိတ်ဝင်စားခြင်းရှိ၊ မရှိ သို့မဟုတ် အသက် ၃၂ နှစ်အရွယ်ကစားသမား၏ တစ်ပတ်လုပ်ခပေါင် နှစ်သိန်းနီးပါးကို ဆန်းတို့စ်အသင်းကပေးနိုင်ခြင်းရှိ၊ မရှိကို ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။

ဆန်းတို့စ်အသင်းသည်ယခင်ကလည်း အလားတူ အပြောင်းအရွှေ့မျိုး ပြုလုပ်ခဲ့ဖူးပြီး ရော်ဘင်ဟိုကို ၂၀၁၀ တွင်မန်စီးတီးထံမှ လည်းကောင်း၊ ၂၀၁၄ တွင် အေစီမီလန်အသင်းထံမှလည်းကောင်း အငှားဖြင့်နှစ်ကြိမ် ခေါ်ယူဖူးသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly