ချယ်လ်ဆီးနည်းပြအဖွဲ့ဝင်တစ်ဦး အပြုအမူထိန်းသိမ်းပေးရန် ကွန်တီကို ပိုချက်တီနို တောင်းဆိုခဲ့ရ

ချယ်လ်ဆီးနည်းပြအဖွဲ့ဝင်တစ်ဦး အပြုအမူထိန်းသိမ်းပေးရန် ကွန်တီကို ပိုချက်တီနို တောင်းဆိုခဲ့ရ

နိုဝင်ဘာ ၂၇၊ လန်ဒန်။            ။ ချယ်လ်ဆီးက စပါးအသင်းကို ၂-၁ ဖြင့် နိုင်သည့်ပွဲတွင် ချယ်လ်ဆီးနည်းပြအဖွဲ့ဝင်တစ်ဦး စိတ်တည်တည်ငြိမ်ထားရန် ကွန်တီကို ပိုချက်တီနိုက တောင်းဆိုခဲ့ရခြင်းနှင့် အတူ ပိုချက်တီနိုနှင့် ကွန်တီအကြားနွေးထွေးသော ဆက်ဆံရေးမှာ စမ်းသပ်ခံခဲ့ရသည်။

ပွဲပြီးခါနီးတွင် စပါးကစားသမားတစ်ဦးက ဝီလျံကိုဖျက်ထုတ်ခဲ့ခြင်းနှင့်ပတ်သက်ပြီး ချယ်လ်ဆီးနည်းပြအဖွဲ့ဝင်တစ်ဦးက ဒေါသ တကြီးတုန့်ပြန်ခဲ့ရာ ပိုချက်တီနိုမှာ ကွန်တီဆီသွားရောက်ပြီး ၎င်း၏နည်းပြအဖွဲ့ဝင်ကိုစိတ်ထိန်းရန် ပြောဆိုခိုင်းခဲ့ခြင်းဖြစ်သည်။

ကွန်တီသည် အီတလီလက်ရွေးစင်အသင်းကိုနည်းပြနေစဉ်က ပိုချက်တီနို၏ဧည့်သည်အဖြစ် စပါးအသင်းသို့ သုံးရက်ကြာ လာရောက်လေ့လာလည်ပတ်ခဲ့ဖူးသည်။

“ပွဲထဲမှာ ကျွန်တော်တို့ စကားနည်းနည်းပြောဖြစ်ခဲ့ပါတယ်။ ကျွန်တော့်လက်ထောက်တစ်ယောက်ရဲ့အပြုအမူနဲ့ပတ်သက်ပြီး ကန့်ကွက်တယ်လို့ သူကလာပြောခဲ့တာပါ။ ဒါပေမဲ့ ဘာမှအရေးမကြီးပါဘူး”ဟု ကွန်တီက ပြောသည်။

ပိုချက်တီနိုလာရောက်ခဲ့ပြီးနောက် ကွန်တီသည် နည်းပြခုံတန်းဘက်သို့ လက်ဟန်ခြေဟန်ဖြင့် စိတ်အေးအေးထားရန် ချက်ချင်း ညွှန်ကြားခဲ့သည်။

ပိုချက်တီနိုကလည်း “အရေးမကြီးပါဘူး။ ရင်းရင်းနှီးနှီးပြောဖြစ်ခဲ့တာပါ။ ကျွန်တော်တို့ကြားမှာ ရင်းနှီးတဲ့ဆက်ဆံရေးရှိပါတယ်။ အပြုအမူတစ်ခုနဲ့ပတ်သက်လို့ပြောခဲ့တာဖြစ်ပေမယ့် ကျွန်တော်မေ့လိုက်ပါပြီ”ဟု ပြောသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly