တောင်ကိုရီးယား၌ သမ္မတ နုတ်ထွက်ပေးရေး ပြည်သူအင်အားအကြီးမားဆုံးဖြင့် တောင်းဆိုဆန္ဒပြ

တောင်ကိုရီးယား၌ သမ္မတ နုတ်ထွက်ပေးရေး ပြည်သူအင်အားအကြီးမားဆုံးဖြင့် တောင်းဆိုဆန္ဒပြ

ဆိုးလ်၊ နိုဝင်ဘာ ၂၆ ။         ။ တောင်ကိုရီးယားနိုင်ငံအတွင်း အကြီးမားဆုံးဆန္ဒပြမှုကြီး ဖြစ်နိုင်သော လူထောင်သောင်းပေါင်းများစွာ စုရုံးကာ သမ္မတ ပတ်ဂွန်ဟေး နုတ်ထွက်ပေးရေး   တောင်းဆိုဆန္ဒပြကြသည်။

သမ္မတပတ်ဂွန်ဟေးသည့် ရင်းနှီးသည့် မိတ်ဆွေဖြစ်သူ ချောင်ဆောင်စီအား နောက်ကွယ်တွင် အာဏာကြိုးကိုင်ခြယ်လှယ်ခြင်းအတွက် လုပ်ပိုင်ခွင့်များပေးထားသည်ဟု စွပ်စွဲမှုများ ထွက်ပေါ်နေသည်။

ရုပ်မြင်သံကြားမှ နေ၍ နှစ်ကြိမ်တိုင် ပြည်သူလူထုအား သမ္မတက တောင်းပန်စကား ဆိုခဲ့သော်လည်း နုတ်ထွက်ရေး အပြင်းအထန်တောင်းဆိုမှုများက ဆက်လက်ဖြစ်ပွားနေသည်။

မြို့တော် ဆိုးလ်တစ်မြို့တည်း၌ပင် နိုဝင်ဘာ ၂၆ ရက် ညနေက စုရုံးရောက်ရှိကာ ဆန္ဒပြသည့် အင်အားက ရှစ်သိန်းကျော်ထက်မနည်းရှိကြောင်း စီစဉ်သူများက ပြောသည်။

ညရောက်လျှင် အင်အား တစ်သန်းခွဲနီးပါး လာရောက်ပူးပေါင်းမည်ဖြစ်ကာ အခြားဒေသများတွင် အင်အား ငါးသိန်းခန့် စုရုံးဆန္ဒပြမည်ဖြစ်သည်။

မြို့တော်ဆိုးလ်တွင် ရဲအင်အား ၂၅၀၀၀ နီးပါးကို တပ်ဖြန့်ချထားကြောင်း ပြည်တွင်းမီဒီယာများက ဖော်ပြသည်။

ကုန်လွန်ခဲ့သည့် သီတင်းပတ်ငါးပတ်က စတင်ဖြစ်ပွားသည့် ဆန္ဒပြမှုများသည် ၁၉၈၀ ခုနှစ်များက ဒီမိုကရေစီထောက်ခံသော ဆန္ဒပြမှုများနောက်ပိုင်း အကြီးမားဆုံးသော ဆန္ဒပြမှုများဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly