အိန္ဒိယတွင် ဘီစကစ်သေတ္တာအတွင်း မွေးကင်းစကလေးငယ်များကို တွေ့ရာမှ ကလေးမှောင်ခိုကုန်ကူးမှုအား စုံစမ်းနေ

အိန္ဒိယတွင် ဘီစကစ်သေတ္တာအတွင်း မွေးကင်းစကလေးငယ်များကို တွေ့ရာမှ ကလေးမှောင်ခိုကုန်ကူးမှုအား စုံစမ်းနေ

နယူးဒေလီ၊ နိုဝင်ဘာ ၂၆ ။      ။ အိန္ဒိယနိုင်ငံတွင် မွေးကင်းစကလေးငယ်များအား ဘီစကတ်သေတ္တာများအတွင်း တွေ့ရှိရာမှ ရဲများက ဘန်ဂေါပြည်နယ်တွင်းရှိ ဆေးရုံတစ်ရုံအား လူကုန်ကူးမှုအတွက် စုံစမ်းစစ်ဆေးလျက်ရှိနေသည်။

ကိုလ်ကတ္တားမှ မိုင် ၅၀ အကွာခန့်တွင် ရှိသော ဘာဒူရီယာမြို့ရှိ ဆေးရုံအား ဝင်ရောက်စီးနင်းရှာဖွေမှုတွင် ထိုသို့ သုံးရက်သားအရွယ် ကလေးငယ်နှစ်ဦးကို တွေ့ရှိရာမှ ရဲက သံသယရှိသူ ဆယ်သုံးဦးအား ဖမ်းဆီးခဲ့သည်။

သီးခြားအခန်းတစ်ခန်း၌ ခြောက်ရက်သားအရွယ် ကလေးငယ်တစ်ဦးအား ရှာဖွေတွေ့ရှိသည်။

ထိုကလေးငယ်များကို ကလေးမရနိုင်သည့် စုံတွဲများသို့ ရောင်းချနေကြခြင်းဖြစ်ကြောင်း ရဲက ပြောသည်။

အဆိုပါဆေးရုံသည် ကိုယ်ဝန်ဖျက်ချလိုနေသည့် တစ်ကိုယ်ရည်မိခင်များအား ပစ်မှတ်ထားပြီး ၎င်းတို့က ကလေးမွေးဖွားပေးရန် ကမ်းလှမ်းဝယ်ယူခြင်းဖြစ်ကြောင်း အကြီးတန်ရဲအရာရှိဖြစ်သူ မီးနားက ပြောသည်။

ဆေးရုံအနေဖြင့် ယောက်ကျားလေးအတွက် ရူပီး သုံးသိန်းနှင့် မိန်းကလေးအတွက် ရူပီး တစ်သိန်း ပေးဝယ်နေခြင်းဖြစ်ကာ ချစ်စကောင်းသည့် ကလေးငယ်များဆိုလျှင် စျေးပိုပေးကြောင်း ၎င်းက ပြောသည်။

သို့သော အချို့သောဖြစ်ရပ်များတွင် ဆင်းရဲသည့် အမျိုးသမီးများ မီးဖွားပြီးခြင်း ကလေးအား ခိုးယူခြင်းများလည်း ရှိကြောင်း ရဲအရာရှိ မီးနားက ပြောသည်။ ထိုသို့ ခိုးယူပြီးနောက် ကလေးမီးဖွားသည့် မိခင်အား ကလေးမှာ အဖတ်မတင်ကြောင်း ပြောကာ ကလေးအား ခိုးယူရောင်းချခြင်းပင်ဖြစ်သည်။

နှစ်နှစ်တာ ကာလအတွင်း မြို့တော်ဒေလီ၊ ချန်နိုင်းမြို့တို့မှ မိသားစုများအပြင် ဗြိတိန်အပါအဝင် နိုင်ငံခြားရပ် နိုင်ငံများမှ စုံတွဲများထံသို့ ကလေးငယ်ပေါင်း ၃၀ ကျော်ထက်မနည်းကို ရောင်းချဖြစ်ပြီးဟု ယုံကြည်ရကြောင်း ရဲက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly