မန်ယူအတွက် အမ်ခီတာရန် ခြေစွမ်းပြသလိမ့်မည်ဟု အီဗရာဟီမိုဗစ် ပြော

မန်ယူအတွက် အမ်ခီတာရန် ခြေစွမ်းပြသလိမ့်မည်ဟု အီဗရာဟီမိုဗစ် ပြော

နိုဝင်ဘာ ၂၆၊ အင်္ဂလန် ။              ။ အာမေးနီးယန်းကွင်းလယ်တိုက်စစ်ကစားသမား အမ်ခီတာရန်အနေဖြင့် အင်္ဂလန်တွင် ခက်ခဲသည့်အချိန်ကာလများကို ဖြတ်ကျော်ပြီး မန်ယူအတွက်   ခြေစွမ်းပြသလာလိမ့်မည်ဟု  အီဗရာဟီမိုဗစ်က ပြောဆိုလိုက်သည်။

အမ်ခီတာရန်သည် ဒေါ့တ်မွန်အသင်းမှ မန်ယူသို့ ပြောင်းရွှေ့လာပြီးနောက် ပုံမှန်ခြေစွမ်းရရန် ရုန်းကန်နေရသူဖြစ်သည်။ သို့သော် အီဗရာဟီမိုဗစ်က အမ်ခီတာရန်သည် အရည်အချင်းရှိသူဖြစ်ပြီး ပရော်ဖက်ရှင်နယ်အလွန်ပီသသူဖြစ်ကြောင်း ချီးကျူးခဲ့သည်။

‘လေ့ကျင့်ရေးကွင်းမှာ အမြဲမြင်နေရလို့ အမ်ခီတာရန် ဘယ်သူလဲဆိုတာ ကျွန်တော်သိပါတယ်။ သူဘယ်သူလဲ၊ ဘာလုပ်နိုင်လဲဆိုတာ အားလုံးကို သက်သေပြနေပါတယ်။

ဒဏ်ရာရပြီးကတည်းက လေ့ကျင့်ရေးတွေကို ကြိုးကြိုးစားစားလုပ်နေတာ တွေ့ရပါတယ်။ သူက ပရော်ဖက်ရှင်နယ်အရမ်း ပီသသူပါ။ ပြီးတော့ သူက အရည်အချင်းရှိသူလည်း ဖြစ်ပါတယ်။ ဒဏ်ရာရခဲ့ပေမယ့် အခုသူကောင်းကောင်းပြန်ကစားနိုင်နေပါပြီ။ လေ့ကျင့်ရေးမှာလည်း အခြားအသင်းဖော်တွေလို ကောင်းကောင်းကစားနိုင်ပါပြီ။ အသင်းမှာ ပွဲထွက်ဘယ်သူကစားရမလဲဆိုတာတော့ နည်းပြက ရွေးချယ်ပါလိ့မ်မယ်’ ဟု မိုဗစ်ချ်က ပြောခဲ့သည်။

ထို့အပြင် မိုဗစ်က ကစားသမားတစ်ဦးအနေဖြင့် အခွင့်အရေးရရှိရန် စောင့်ဆိုင်းရမည်ဖြစ်ပြီး အခွင့်အရေးရသည့်အချိန်တွင် အသုံးချနိုင်ရန်လိုကြောင်း ပြောဆိုခဲ့သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags