ကျူးဘားခေါင်းဆောင်ဟောင်း ဖီဒယ်ကက်စထရို ကွယ်လွန်

ကျူးဘားခေါင်းဆောင်ဟောင်း ဖီဒယ်ကက်စထရို ကွယ်လွန်

ကျူးဘားစီးတီး၊ နိုဝင်ဘာ ၂၆ ။            ။ ကျူးဘားနိုင်ငံ၏ ခေါင်းဆောင်ဟောင်းဖြစ်သူ ဖီဒယ်ကက်စထရိုသည် အသက် ၉၀ ၌ ကွယ်လွန်ကြောင်း နိုင်ငံပိုင် ရုပ်သံက သတင်းထုတ်လွှင့်သွားသည်။

အသေးစိတ် ထုတ်ပြန်လာသေးခြင်း မရှိသည့် နိုင်ငံပိုင် ရုပ်သံ၏ သတင်းထုတ်လွှင့်မှုကို ဘီဘီစီက နိုဝင်ဘာ ၂၆ ရက်တွင် ဖော်ပြသည်။

၁၉၂၆ သြဂုတ် ၁၃ ရက် တွင် မွေးဖွားသည့် ကက်စထရိုသည် ကျူးဘားတော်လှန်ရေးသမားနှင့် နိုင်ငံရေးသမားတစ်ဦးဖြစ်သည်။ ၁၉၅၉ မှ ၁၉၇၆ ခုနှစ်အထိ ကျူးဘားနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်ပြီး ၁၉၇၆ မှ ၂၀၀၈ ခုနှစ်အထိ ကျူးဘားသမ္မတအဖြစ် ဆောင်ရွက်ခဲ့သည်။

၎င်းသည် ၁၉၆၁ ခုနှစ်တွင် စတင်တည်ထောင်သည့် ကျူးဘားကွန်မြူနစ်ပါတီ၏ အတွင်းရေးမှူးအဖြစ် ၂၀၁၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။

လီနင်နှင့် မာ့က်စ်ဝါဒကို ယုံကြည်သက်ဝင်သူဖြစ်ကာ ၎င်းအုပ်ချုပ်စဉ် ကျူးဘားနိုင်ငံအား တစ်ပါတီစနစ်သို့ ပြောင်းလဲခဲ့ပြီး စက်ရုံအလုပ်ရုံများကို ပြည်သူပိုင် သိမ်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly