ကွင်းလယ်လူဝီလ်ရှီးယားကို စာချုပ်သစ်ကမ်းလှမ်းမည်ဟု အာစင်ဝင်းဂါးပြော

ကွင်းလယ်လူဝီလ်ရှီးယားကို စာချုပ်သစ်ကမ်းလှမ်းမည်ဟု အာစင်ဝင်းဂါးပြော

နိုဝင်ဘာ ၂၆၊ လန်ဒန်။            ။ အာဆင်နယ်အသင်းအနေဖြင့် ကွင်းလယ်ကစားသမား ဂျက်ဝီလ်ရှီးယားကို စာချုပ်သစ်ကမ်းလှမ်းသွားမည်ဟု နည်းပြအာစင် ဝင်းဂါးက ပြောသည်။

အသက် ၂၄ နှစ်အရွယ်ကွင်းလယ်ကစားသမားသည် သြဂုတ်တွင် ဘုန်းမောက်သို့အငှားဖြင့်ပြောင်းသွားပြီးနောက် ပရီးမီးယားလိဂ် ကိုးပွဲကစားထားသည်။

ဝီလ်ရှီးယားသည်အာဆင်နယ်အသင်းနှင့် စာချုပ်သက်တမ်း ၁၈ လသာကျန်တော့သော်လည်း ယင်းအင်္ဂလန်ကွင်းလယ်လူ အငှားဖြင့်ပြောင်းသွားပြီးကတည်းက စကားမပြောဖြစ်ကြောင်း အာစင်ဝင်းဂါးက ဆိုသည်။

သို့သော် စာချုပ်ကိစ္စဆွေးနွေးမှုနှင့်ပတ်သက်ပြီးပြောဆိုရာတွင် ဝင်းဂါးက “နှစ်သစ်ကူးဝန်းကျင်လောက်မှာ စီစဉ်ထားပါတယ်”ဟု ဆိုသည်။

ဝီလ်ရှီးယားသည် ပြီးခဲ့သည့်ရာသီများတွင် ဒဏ်ရာများကြောင့်ရုန်းကန်ခဲ့ရပြီး ၂၀၁၅-၁၆ ရာသီက အာဆင်နယ်အသင်းအတွက် သုံးပွဲသာကစားခဲ့ရသည်။

ဘုန်းမောက်အသင်းသို့အငှားဖြင့်ပြောင်းရွှေ့ပြီးနောက် ရှစ်ပွဲကစားပြီးချိန်တွင် အင်္ဂလန်လက်ရွေးစင်အဖြစ်ပြန်လည်ရွေးချယ်ခံရ ပြီး ယခုလအစောပိုင်း စကော့တလန်၊ စပိန်ပွဲများ၌ အသုံးမပြုခံရသည့် အရန်ကစားသမားအဖြစ် ပါဝင်ခဲ့သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly