တရုတ်တွင် ပြင်းအား ၆ ဒဿမ ၅ အဆင့်ရှိ ငလျင်လှုပ်၍ လူတစ်ဦး သေဆုံး

တရုတ်တွင် ပြင်းအား ၆ ဒဿမ ၅ အဆင့်ရှိ ငလျင်လှုပ်၍ လူတစ်ဦး သေဆုံး

ပေကျင်း၊ နိုဝင်ဘာ ၂၆ ။              ။ တရုတ်နိုင်ငံအနောက်ပိုင်း တောင်ထူထပ်ရာဒေသတွင် နိုဝင်ဘာ ၂၅ ရက် ညပိုင်းက အင်အား ၆ ဒဿမ ၅ အဆင့်ရှိ ငလျင်လှုပ်ရာ အိမ်တစ်လုံးပြိုကျမှုအတွင်း လူတစ်ဦးသေဆုံးခဲ့သည်။

ရှင်ကျန်းဒေသတွင် အဆိုပါငလျင်လှုပ်ခဲ့ခြင်းဖြစ်ပြီး မြေအောက် ၁၂ ကီလိုမီတာတွင် ဗဟိုပြုကြောင်း အမေရိကန်ဘူမိတိုင်းတာရေးဌာနက ပြောသည်။

 တာဂျစ်စတန်နယ်စပ်အနီး တရုတ်နိုင်ငံ ကာရှဂါမြို့အနောက်ဖက် ကီလိုမီတာ ၁၇၀ တွင် ငလျင်လှုပ်ခြင်းဖြစ်သည်။

လူဦးရေကျဲပါးသည့် ယင်းဒေသတွင် ငလျင်ကြောင့် အဆောက်အအုံ ခြောက်ခု ပျက်စီးပြီး အိမ်တစ်လုံးပြိုကျရာတွင် လူတစ်ဦးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဆင်ဟွာသတင်းက ဖော်ပြသည်။

ပါကစ္စတန်အာဏာပိုင်များက ယင်ငလျင်ဒဏ်ကို ခိုင်ဘာပြည်နယ်တွင်လည်း ကြံုတွေ့ခံစားခဲ့ရသည်ဟု ပြောသည်။ ယင်းနေရာတွင် ပျက်စီးဆုံးရှုံးမှု သတင်း မကြားသိရပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly