အီရန်တွင် ရထားနှစ်စင်း တိုက်၍ လူ သုံးဆယ်ကျော် သေဆုံး

အီရန်တွင် ရထားနှစ်စင်း တိုက်၍ လူ သုံးဆယ်ကျော် သေဆုံး
အီရန်နိုင်ငံမြောက်ပိုင်းတွင် ရထားနှစ်စင်း တိုက်၍ အနည်းဆုံးလူ ၃၁ ဦး သေဆုံးပြီး ဒါဇင်များစွာ ထိခိုက်ဒဏ်ရာရကြောင်း..............

တီဟီရန်၊ နိုဝင်ဘာ ၂၅ ။        ။ အီရန်နိုင်ငံမြောက်ပိုင်းတွင် ရထားနှစ်စင်း တိုက်၍ အနည်းဆုံးလူ ၃၁ ဦး သေဆုံးပြီး ဒါဇင်များစွာ ထိခိုက်ဒဏ်ရာရကြောင်း တာဝန်ရှိသူများက ပြောသည်။

ရပ်ထားသည့် ရထားတစ်စင်းကို အခြားရထားက ဝင်တိုက်ခြင်းဖြစ်ပြီး ရထားတွဲ လေးတွဲ လမ်းချော်ကာ နှစ်တွဲက မီးလောင်ခဲ့သည်။

ရထားတိုက်မှုက မြို့တော် တီဟီရန်မှ အရှေ့ဖက် မိုင် ၁၅၀ အကွာတွင် ဖြစ်ပွားခြင်းဖြစ်သည်။

သေဆုံးသူများတွင် ရထားဌာနဝန်ထမ်းလေးဦးလည်း ပါဝင်ကြောင်း နိုင်ငံပိုင်သတင်းက ဖော်ပြသည်။

“သေဆုံးသူ ၃၁ ဦး ရှိပါတယ်။ လူ ရ၀ ကျော်ထက်မနည်းကိုလည်း ဆေးရုံတင်ပို့ခဲ့ရတယ်။”ဟု ပြည်နယ်အုပ်ချုပ်ရေးမှူး မိုဟာမတ်ရီဇာက သတင်းဌာနသို့ ပြောသည်။

ရထားတိုက်မှုဖြစ်ပွားရသည့် အကြောင်းရင်းအား စုံစမ်းစစ်ဆေးလျက်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags