ဂျပန်တို့ ပိုင်ဆိုင်ကြောင်း ကြေညာထားသည့် ကျွန်းများပေါ်တွင် ရုရှားက ဒုံးပျံစနစ်များ မချသင့်ဟု ရှင်ဇိုအာဘေးပြော

ဂျပန်တို့ ပိုင်ဆိုင်ကြောင်း ကြေညာထားသည့် ကျွန်းများပေါ်တွင် ရုရှားက ဒုံးပျံစနစ်များ မချသင့်ဟု ရှင်ဇိုအာဘေးပြော

တိုကျို၊ နိုဝင်ဘာ ၂၅ ။            ။ ဂျပန်အစိုးရက ပိုင်ဆိုင်ကြောင်း ကြေညာထားသည့် ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်းကျွန်းများပေါ်တွင် ရုရှားက ဒုံးပျံစနစ်များ မချထားသင့်ကြောင်း ၀န်ကြီးချုပ် ရှင်ဇိုအာဘေးက နိုဝင်ဘာ ၂၅ ရက်တွင် ပြောကြားသည်။

ရုရှားသမ္မတဗလာဒီမာပူတင် နယ်နမိတ်ပြဿနာဆွေးနွေးရေးအတွက် ဂျပန်သို့ လာရောက်ရန် တစ်လမလိုမီအချိန်တွင် ရှင်ဇိုအားဘေးက ယခုကဲ့သို့ ပြောကြားလိုက်သော်လည်း ရုရှားအစိုးရကမူ အဆိုပါ ဒုံးပျံစနစ်ချထားခြင်းသည် အငြင်းပွားနယ်နမိတ်ပြဿနာဖြေရှင်းရေးအတွက် ထိခိုက်စေမည်မဟုတ်ဟု ပြောကြားထားသည်။

နှစ်နိုင်ငံစလုံးက မိမိတို့ပိုင်ဆိုင်သည်ဟု နှစ်ပေါင်း ရ၀ ကျော်ကြာ ကြေညာထားသည့် အဆိုပါ ကျွန်းများပေါ်တွင်တပ်ဆင်ထားသည့် ဒုံးပျံစနစ်နှစ်မျိုးကို စတင် သုံးပြုနေပြီဟု ရုရှားမီဒီယာများက နိုဝင်ဘာ ၂၂ ရက်တွင် ဖော်ပြခဲ့သည်။

နှစ်နိုင်ငံ နယ်နမိတ်အရေး ဆွေးနွေးပွဲအား ဒီဇင်ဘာ ၁၅ နှင့် ၁၆ တို့တွင် ဂျပန်နိုင်ငံ၌ ပြုလုပ်မည်ဖြစ်ပြီး ဆွေးနွေးပွဲတွင် ရလဒ်ကောင်းများရှိလာနိုင်သည်ဟု နှစ်နိုင်ငံ တာဝန်ရှိသူများက ပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly