ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် အာဂျင်တီးနားအသင်း နံပတ်တစ်တွင် ဆက်လက်ရပ်တည်

ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် အာဂျင်တီးနားအသင်း နံပတ်တစ်တွင် ဆက်လက်ရပ်တည်
 

နိုဝင်ဘာ ၂၅ ။                      ။ နိုဝင်ဘာလ ကမ္ဘာ့အဆင့်သတ်မှတ်ချက်များကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာက ထုတ်ပြန်ကြေညာခဲ့ရာတွင် အာဂျင်တီးနားအသင်းက အဆင့်တစ်နေရာတွင် ဆက်လက်ရပ်တည်ခဲ့သည်။

အာဂျင်တီးနားအသင်းသည် တောင်အမေရိကဇုန်ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ရလဒ်များဆိုးရွားခဲ့ပြီး အဆင့် ၅ နေရာသို့ရောက်ရှိနေသော်လည်း အဆင့်တစ်တွင် ဆက်လက်ရပ်တည်နေခြင်း ဖြစ်သည်။

အဆင့် ၂ မှ ကမ္ဘာ့ဖလားချန်ပီယံ ဂျာမနီအသင်းမှာ တစ်ဆင့်ကျဆင်းသွားပြီး ထိုနေရာကို ဘရာဇီးအသင်းက ရောက်ရှိလာခဲ့သည်။ ဘရာဇီးအသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲပြီးနောက် ရလဒ်များ   တောက်လျှောက်ကောင်းမွန်ခဲ့သည့်အတွက် အဆင့် ၂ သို့ ပြန်ရောက်လာခြင်း ဖြစ်သည်။

အာရှဇုန်တွင် အီရန်အသင်းက အဆင့် ၁ တွင် ရှိနေပြီး မြန်မာ့လက်ရွေးစင်အသင်းမှာ အဆင့် ၁၀ ဆင့် ကျဆင်းသွားကာ ကမ္ဘာ့အဆင့် ၁၆၆ တွင် ရပ်တည်ခဲ့သည်။ အရှေ့တောင်အာရှတွင် ဖိလစ်ပိုင်အသင်းက အဆင့်တစ်တွင် ဆက်ရှိနေပြီး ၎င်းတို့၏နောက်၌ ဗီယက်နမ်နှင့်ထိုင်းတို့ ရပ်တည်နေသည်။

ယခုလတွင် ကမ္ဘာ့အဆင့် အဆိုးရွားဆုံးကျဆင်းသွားသည့် နိုင်ငံမှာ ချက်ဒ်နိုင်ငံဖြစ်ပြီး အဆင့် ၄၉ ဆင့် ကျဆင်းသွားကာ ကမ္ဘာ့အဆင့် ၁၅၂ တွင် ရပ်တည်နေသည်။ အကောင်းဆုံးအဆင့် တိုးတက်လာ သည့်နိုင်ငံမှာ အာမေးနီးယားဖြစ်ပြီး ၃၈ ဆင့် မြင့်တက်လာကာ ကမ္ဘာ့အဆင့် ၈၇ သို့ ရောက်ရှိလာသည်။

ရည်ညွှန်း ဖီဖာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly