အစ္စရေးတောမီးကြောင့် ပြည်သူ ရှစ်သောင်းနီးပါး နေရပ်စွန့်ခွာထွက်ပြေး

အစ္စရေးတောမီးကြောင့် ပြည်သူ ရှစ်သောင်းနီးပါး နေရပ်စွန့်ခွာထွက်ပြေး

ဂျေရုဆလင်၊ နိုဝင်ဘာ ၂၅ ။                 ။ အစ္စရေးနိုင်ငံတွင် လောင်ကျွမ်းလျက်ရှိသည့် တောမီးသည့် တတိယအကြီးဆုံးမြို့ဖြစ်သော ဟိုင်ဖာမြို့သို့ ကူးစက်လောင်ကျွမ်းရာ ပြည်သူ ၈၀၀၀၀ နီးပါး နေရပ်စွန့်ခွာထွက်ပြေးရသည်။

နှစ်လကြာ မိုးခေါင်ခြောက်သွေ့မှု ကြံကြိုက်ပြီးနောက် တောမီးလောင်ကျွမ်းခြင်းဖြစ်ပြီး လေပြင်းတိုက်၍ မြို့သို့ ကူးစက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တောမီးက ဂျေရုဆလင်နှင့် အနောက်ဖက်ကမ်းမြောင်ဒေသအနီးရှိ အိမ်များသို့လည်း ခြိမ်းခြောက်လျက်ရှိသည်။

အစ္စရေးရဲချုပ်က ရှို့မီးအဖြစ်သံသယရှိကြောင်း ပြောပြီး ဝန်ကြီးချုပ်နေတန်ယာဟုကလည်း ယင်းကဲ့သို့သော အကြမ်းဖက်လုပ်ရပ်များကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ပြောခဲ့သည်။

“ရှို့မီးဆိုရင် ခုလိုမီးလောင်ကျွမ်းကူးစက်အောင် လုပ်သူတွေကို ပြင်းပြင်းထန်ထန်ကို အပြစ်ဒဏ်ပေးသွားမယ်။”ဟု ဝန်ကြီးချုပ် နေတန်ယာဟုက ပြောသည်။

တမင်ရည်ရွယ်ချက်ရှိရှိ မီးလောင်ကျွမ်းကူးစက်အောင် လုပ်ဆောင်သည်ဆိုပါက နိုင်ငံရေးစေ့ဆော်မှုကြောင့်သာ ဖြစ်ကြောင်း ရဲအကြီးအကဲဖြစ်သူ ရိုနီအယ်ရှိတ်က ပြောသည်။

ထိုမှတ်ချက်စကားများကြောင့် ပါလက်စတိုင်းသမ္မတ မာမွတ်အဘတ်စ်၏ Fatah လှုပ်ရှားမှုအဖွဲ့က စိတ်ဆိုးဒေါသထွက်စွာဖြင့် ပါလက်စတိုင်းဖက် အပြစ်ဖို့ရန်အတွက် ယခုမီးကို အစ္စရေးတာဝန်ရှိသူများက တမင်ရည်ရွယ်ချက်ရှိရှိ ရှို့ခြင်းသာဖြစ်ကြောင်း တုံ့ပြန်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly