ဘာသာရေး အထိမ်းအမှတ်ပွဲလာသည့် ရှီးယိုက်ယာဉ်တန်းကို ထရပ်ကား ဗုံးဖောက်ခွဲ၍ ရ၇ ဦး သေဆုံး

ဘာသာရေး အထိမ်းအမှတ်ပွဲလာသည့် ရှီးယိုက်ယာဉ်တန်းကို ထရပ်ကား ဗုံးဖောက်ခွဲ၍ ရ၇ ဦး သေဆုံး

ဘဂ္ဂဒက်၊ နိုဝင်ဘာ ၂၅ ။                   ။ အီရတ်နိုင်ငံတွင် ဘာသာရေးအထိမ်းအမှတ်ပွဲသို့ လာသည့် အီရန်နှင့် အာဖဂန်နစ္စတန်တို့မှ ရှီးယိုက်မွတ်စလင်ယာဉ်တန်းကို ထရပ်ကားဗုံးဖောက်ခွဲ၍ ရ၇ ဦး   သေဆုံးကြောင်း တာဝန်ရှိသူများက ပြောသည်။

မြို့တော်ဘဂ္ဂဒက်တောင်ဖက် မိုင် ၆၀ အကွာ ဟီလာအရပ်ရှိ ဓာတ်ဆီဆိုင်နှင့် စားသောက်ဆိုင်တစ်ခုအနီး ထိုဗုံးခွဲမှုဖြစ်ပွားခြင်းဖြစ်သည်။

ဘာသာရေးအထွဋ်အမြတ်ထားရာ ကာဘာလာမြို့မှ နေရပ်ပြန်လာသည့် ယာဉ်တန်းအား တိုက်ခိုက်ခြင်းဖြစ်သည်။ အဆိုပါ ဗုံးပေါက်ကွဲမှုအတွင်း ဒဏ်ရာရသူ ၄၀ ခန့်ရှိသည်။

ယခုတိုက်ခိုက်မှုကို ဂျီဟတ်အုပ်စုဖြစ်သော အိုင်အက်စ်အဖွဲ့က ၎င်းတို့လုပ်ဆောင်ကြောင်း ပြောသည်။

ကာဘာလာမြို့ အရှေ့တောင်ဖက် မိုင် ၅၀ ခန့်ရှိ ရှိုမာလီရွာအနီး ဆီဆိုင်တွင် ဆီဖြည့်နေသည့် ရှီးယိုက်မွတ်စလင်များ လိုက်ပါလာသည့် ဘတ်စ်ကားလေးစီးကို ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဌာနေရဲအကြီးအကဲတစ်ဦးက ဘီဘီစီသို့ ပြောသည်။

အမိုနီးယားနိုက်ထရိတ်နှင့် အခြားဖောက်ခွဲရေးပစ္စည်းများ တင်ဆောင်ထားသည့် ထရပ်ကားဖြင့် ဖောက်ခွဲခြင်းဖြစ်ပြီး ပေါက်ကွဲမှုကလည်း ဓာတ်ဆီဆိုင်တွင်ဖြစ်၍ ပျက်စီးဆုံးရှုံးမှု ကြီးမားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly