၁၉ နှစ်ကြာမြင့်ခဲ့သော ဘောလုံးသမားဘဝမှ ဂျရတ်အနားယူ

၁၉ နှစ်ကြာမြင့်ခဲ့သော ဘောလုံးသမားဘဝမှ ဂျရတ်အနားယူ

နိုဝင်ဘာ ၂၅၊ လီဗာပူးလ်။             ။ လီဗာပူးလ်နှင့် အင်္ဂလန်အသင်း ခေါင်းဆောင်ဟောင်း စတီဗင်ဂျရတ်သည် ၁၉ နှစ်ကြာမြင့်ခဲ့သော ဘောလုံးသမားဘဝမှ အနားယူ လိုက်ပြီဖြစ်သည်။

အသက် ၃၆ နှစ်အရွယ်ဂျရတ်သည် လီဗာပူးလ်အသင်းအတွက် ပွဲ ရ၁၀ ကစားပြီး ဆုဖလား ကိုးလုံးရရှိခဲ့ကာ ၂၀၁၅ တွင် မေဂျာလိဂ်ကလပ် အယ်လ်အေဂလက်ဇီသို့ ပြောင်းရွှေ့ခဲ့သည်။

ယင်းကွင်းလယ်ကစားသမားသည် အင်္ဂလန်လက်ရွေးစင်အသင်းအတွက်လည်း စတုတ္ထပွဲအများဆုံး ကစားသမားအဖြစ် ၁၁၄ ပွဲ ကစားပေးခဲ့ပြီး အဓိကပြိုင်ပွဲခြောက်ခု ကစားခွင့်ရခဲ့ရာ၌ သုံးခုကို အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ခဲ့သည်။

“ကျွန်တော့်ကစားသမားဘဝမှာ အံ့သြဖို့ကောင်းတဲ့အတွေ့အကြံုတွေ အများကြီးကြံုတွေ့ခဲ့ရလို့ သိပ်ကံကောင်းတယ်လို့ ခံစားရ ပါတယ်။

မယုံနိုင်လောက်စရာကောင်းတဲ့ ကစားသမားဘဝအတွေ့အကြံု တစ်ခုချင်းစီအတွက် လီဗာပူးလ်၊ အင်္ဂလန်နဲ့ အယ်လ်အေ ဂလက်ဇီအသင်းတွေကို ကျေးဇူးတင်ပါတယ်။

ကျော်ကြားတဲ့ လီဗာပူးလ်အကျႌအနီရောင်ကို ဝတ်ဆင်ချင်တဲ့ ငယ်ဘဝအပ်မက်လည်း ပြည့်ဝခဲ့ပါတယ်”ဟု ဂျရတ်က ပြောသည်။

ဂျရတ်သည် အမ်ကေဒွန်းစ်နည်းပြရာထူးအတွက် ချိတ်ဆက်မှုများရှိခဲ့သော်လည်း ယင်းရာထူးမှာ ၎င်းအတွက် စောလွန်းနေသည်ဟု ဗုဒ္ဓဟူးနေ့တွင် ပြောဆိုခဲ့သည်။

ယူအီးအက်ဖ်အေ ‘အေ’ လိုင်စင်ရရန်ကြိုးစားနေသည့် ဂျရတ်သည် ဆဲလ်တစ်၊နယူးကာဆယ်အသင်းများ၏ ဆက်သွယ်ခြင်းကို ခံနေရပြီး လီဗာပူးလ်အသင်းသို့လည်း နည်းပြတစ်ဦးအဖြစ်ပြန်ရောက်ရန် သတင်းများထွက်နေသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly