ကိုလံဘီယာအစိုးရနှင့် ဖာ့စ်သူပုန်များ ငြိမ်းချမ်းရေးစာချုပ်သစ် လက်မှတ်ရေးထိုး

ကိုလံဘီယာအစိုးရနှင့် ဖာ့စ်သူပုန်များ ငြိမ်းချမ်းရေးစာချုပ်သစ် လက်မှတ်ရေးထိုး

ဘိုဂိုတာ၊ နိုဝင်ဘာ ၂၅ ။             ။ ကိုလံဘီယာအစိုးရနှင့် နိုင်ငံ၏ အကြီးဆုံးသူပုန်အဖွဲ့ဖြစ်သော ဖာ့စ်သူပုန်များကြား ငြိမ်းချမ်းရေး သဘောတူညီမှုသစ်အား လက်မှတ်ရေးထိုးနိုင်ခဲ့သည်။

ယခင်သဘောတူညီမှုကို အောက်တိုဘာ ၂ ရက်က ကျင်းပသည့် ပြည်သူ့ဆန္ဒခံယူပွဲက ပယ်ချထာခြင်းဖြစ်သည်။

ယခုရရှိသည့် သဘောတူညီမှုသစ်အား ပြည်သူ့ဆန္ဒခံယူမည်မဟုတ်ဘဲ ကွန်ဂရက်သို့သာ အတည်ပြုရန်အတွက် တင်သွင်းခဲ့ခြင်းဖြစ်သည်။

လူပေါင်း ၂၆၀၀၀၀ ကျော်သေဆုံးပြီး သန်းနှင့်ချီကာ နေရပ်ပြောင်းရွှေ့ရသည့် ဆယ်စုနှစ် ငါးခုစာ ပဋိပက္ခများ အဆုံးသတ်ရေးအတွက် ယခုသဘောတူညီမှုအား ချုပ်ဆိုခြင်းဖြစ်သည်။

မြို့တော် ဘိုဂိုတာတွင် လက်မှတ်ရေးထိုးပွဲ အခမ်းအနားအား အတိုချုံးကျင်းပကာ လွှတ်တော်ဥက္ကဌထံ တင်သွင်းခဲ့ခြင်းလည်းဖြစ်သည်။

ပြည်သူ့ဆန္ဒခံယူပွဲက ပယ်ချခဲ့သည့် ကုလသမဂ္ဂအတွင်းရေးမှူး ဘန်ကီမွန်းပါ တက်ရောက်ခဲ့သော စက်တင်ဘာ ၂၆ ရက် သဘောတူညီမှုလက်မှတ်ရေးထိုးပွဲကဲ့သို့မဟုတ်ဘဲ ယခုလက်မှတ်ရေးထိုးပွဲအား အကျဉ်းရုံးသာ ကျင်းပလိုက်ခြင်းလည်းဖြစ်သည်။

နိုဝင်ဘာ ၂၄ ရက်က အဆိုပါ လက်မှတ်ရေးထိုးပွဲသို့ တက်ရောက်သူ ၈၀၀ ခန့်သာရှိပြီး ယခင်ပွဲ၌ တက်ရောက်သူပေါင်း ၂၅၀၀ ခန့် ရှိခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags