ငွေကြေးဖျက်သိမ်းလိုက်သည့် အကျပ်အတည်းကြောင့် အိန္ဒိယအတိုက်အခံများက တစ်နိုင်ငံလုံး သပိတ်မှောက်ရန် နှိုးဆော်

ငွေကြေးဖျက်သိမ်းလိုက်သည့် အကျပ်အတည်းကြောင့် အိန္ဒိယအတိုက်အခံများက တစ်နိုင်ငံလုံး သပိတ်မှောက်ရန် နှိုးဆော်

နယူးဒေလီ၊ နိုဝင်ဘာ ၂၅ ။             ။ အိန္ဒိယအစိုးရက အဓိကငွေစက္ကူနှစ်ခုအား ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ခြင်းကို ဆန့်ကျင်ပြီး အတိုက်အခံပါတီများက တစ်နိုင်ငံလုံးသပိတ်ဆင်နွှဲရန် နှိုးဆော်လျက်ရှိသည်။

ယခုလအစောပိုင်းက အကျင့်ပျက်အဂတိလိုက်စားမှုများအား နှိမ်နင်းရန်အတွက် ရူပီး ၅၀၀ တန်နှင့် ၁၀၀၀ တန် ငွေစက္ကူများ ဖျက်သိမ်းကြောင်း ဝန်ကြီးချုပ် နာရိန္ဒြာမိုဒီက ကြေညာခဲ့ခြင်းဖြစ်သည်။

အစားထိုးလဲလှယ်ပေးသည့် ငွေကြေးရှားပါးမှုကြောင့် အိန္ဒိယ၏ အဓိကငွေကြေးစီးပွားရေးက ရပ်တန့်လုနီးပါး ဖြစ်လာခဲ့သည်။

အတိုက်အခံအမတ်များက ယင်းပြဿနာကို လွှတ်တော်တွင် လာရောက်ရှင်းလင်းရန် ဝန်ကြီးချုပ် မိုဒီအား အတိအလင်း တိုက်တွန်းထားသော်လည်း ၎င်းက လက်ရှိအထိ လာရောက်ခြင်း မရှိပေ။

အဆိုပါ ငွေစက္ကူများ ဖျက်သိမ်းမှုကို အတိုက်အခံ အမတ် ၂၀၀ ကျော်ထက်မနည်းက နိုဝင်ဘာ ၂၂ ရက်တွင် လွှတ်တော်အဆောက်အအုံပြင်ဖက်၌ စုရုံးရပ်တန့်ကာ ဆန္ဒပြခဲ့ကြသည်။

“ဒီငွေစက္ကူတွေ ဖျက်သိမ်းလိုက်တဲ့ ဆုံးဖြတ်ချက်နောက်မှာ လော်မာဖောက်ပြန်မှုရှိနေတယ်လို့ ကျွန်တော်တို့ ထင်တယ်။ ဝန်ကြီးချုပ်နဲ့ သူ့ပါတီဥက္ကဌက ဒီဆုံးဖြတ်ချက်အတိုင်း ဆက်လုပ်မယ်လို့ သူတို့ လူတွေကို ပြောထားတယ်။ အတိုက်အခံဖက်က အင်အားက စည်းလုံးမှုရှိပြီးသားဖြစ်တယ်။။” ဟု အတိုက်အခံ ကွန်ဂရက်ပါတီခေါင်းဆောင် ရာဟူးလ်ဂန္ဓီက ပြောသည်။

ပြီးခဲ့သည့် သီတင်းနှစ်ပတ်အကြာက အဆိုပါ ငွေစက္ကူများ ဖျက်သိမ်းကြောင်း ကြေညာပြီးနောက်ပိုင်း ဝရုန်းသုန်းကား ဖြစ်မှုများလည်း ရှိထားသည်။ ဖျက်သိမ်းငွေစက္ကူများနှင့် လဲလှယ်ရန် ဘဏ်များတွင် လူအများ နာရီများစွာ စီတန်းနေရခြင်းနှင့် ငွေထုတ်စက်များတွင် အလုအယက် ငွေထုတ်ယူခြင်းများ ရှိနေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags