တိုကျိုမြို့တွင် နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအဖြစ် နိုဝင်ဘာဆီးနှင်းများ ကျဆင်း

တိုကျိုမြို့တွင် နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအဖြစ် နိုဝင်ဘာဆီးနှင်းများ ကျဆင်း

တိုကျို၊ နိုဝင်ဘာ ၂၄ ။           ။ ဂျပန်နိုင်ငံ၏ တိုကျိုမြို့တော်တွင် နှစ်ပေါင်း ၅၄ နှစ်တာအတွင်း ပထမဆုံးအဖြစ် နိုဝင်ဘာလ၌ ဆီးနှင်းများ ကျဆင်းခြင်းနှင့် ကြံုကြိုက်နေပြီဖြစ်သည်။

ဂျပန်မြို့တော်နေ ပြည်သူများအတွက် အပူချိန် ၁၀ ဒီဂရီစင်တီဂရိတ်မှ ၁၇ ဒီဂရီစင်တီဂရိတ်အကြားရှိသည့် ယခုလိုအချိန်ကာလမျိုးတွင် ဆီးနှင်းများ ကျဆင်းလာခြင်းအတွက် အံ့အားသင့်စေလျက်ရှိသည်။

ယခုကဲ့သို့ နိုဝင်ဘာလတွင် ဆီးနှင်းကျဆင်းခြင်းသည် မှတ်တမ်းများအရ ၁၈၇၅ ခုနှစ်နောက်ပိုင်း ပထမဆုံးဖြစ်ရပ်အဖြစ် ကြံကြိုက်ရခြင်းဖြစ်သည်။

မြို့တွင် ပုံမှန်ထက် လွန်ကဲသည့် အေးမြခြင်းကြောင့် ဆီးနှင်းများ ကျဆင်းရာ ခရီးသွားလာပို့ဆောင်မှုတစ်ချို့ အနည်းငယ်ကြန့်ကြာမှု ရှိခဲ့ရသည်။

လမ်းများ ချော်နိုင်ခြင်း၊ လျှပ်စစ်ဝါယာကြိုးများနှင့် သစ်ပင်များ ဆီးနှင်းဖုံးနိုင်ခြင်းများအတွက် ဂျပန်မိုးလေဝသအေဂျင်စီက သတိပေးထားကြောင်း Japan Times သတင်းက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags