အောင်စိုးမိုးကျော် အမြန်ရေယာဉ်ပိုင်ရှင်အား ပြည်တွင်းရေကြောင်းဥပဒေဖြင့် ပြောင်းလဲ အမှုဖွင့်

အောင်စိုးမိုးကျော် အမြန်ရေယာဉ်ပိုင်ရှင်အား ပြည်တွင်းရေကြောင်းဥပဒေဖြင့် ပြောင်းလဲ အမှုဖွင့်

မုံရွာ၊ နိုဝင်ဘာ ၂၄ ။               ။ အောက်တိုဘာ ၁၅ ရက်က နစ်မြုပ်ခဲ့သော အောင်စိုးမိုးကျော် အမြန်ရေယာဉ် နစ်မြုပ်မှုနှင့် ပတ်သက်၍ ရေယာဉ် ပိုင် ရှင်နှစ်ဦးအား ပြည်တွင်းရေကြောင်းဥပဒေဖြင့်   နိုဝင်ဘာ ၂၃ ရက်က အမှုပြောင်းလဲဖွင့်ထားကြောင်း ကနီမြို့နယ် ရဲတပ်ဖွဲ့ မှူးရုံးမှသိရသည်။

ယင်းမာပင်မြို့နယ်၊ ခရိုင်ဥပဒေရုံးမှ ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေး လုပ်ကိုင်ခွင့်ဥပဒေဖြင့် အရေးယူရန် နိုဝင်ဘာ ၁၇ ရက်က ပြန်ကြားလာခဲ့သဖြင့် ကနီမြို့မ ရဲစခန်း(ပ)၁၈၂/၂၀၁၆၊ ၂၀၁၅ခုနှစ် မြန်မာ့ကမ်းရိုးတမ်းနှင့် ပြည်တွင်းရေ ကြောင်း သယ်ယူပို့ဆောင်ရေးလုပ်ကိုင်ခွင့် ဥပဒေပုဒ်မ ၂၃(က) ဖြင့် ပြောင်းလဲဖွင့်လှစ်လိုက်ခြင်း ဖြစ်သည်။

"မှန်ပါတယ်၊ ပြည်တွင်းရေကြောင်းဥပဒေနဲ့ အမှုပြောင်းဖွင့်ထားပါတယ် " ဟု ကနီမြို့မရဲစခန်း ဒုရဲမှူးစိုးမြင့်က အတည် ပြု ပြောကြားခဲ့သည်။

အဆိုပါ ရေယာဉ်ပိုင်ရှင်နှစ်ဦးအား ရေယာဉ်နစ်မြုပ်စဉ်က ရာဇသက်ကြီးပုဒ်မ ၂၈၀/၃၀၄-က အရ အမှုဖွင့်စစ်ဆေးခဲ့ပြီး တရားဝင်ရေကြောင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းလိုင်စင်မရှိကြောင်း ကနီမြို့မရဲစခန်းမှ စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ယင်းသို့ တရားဝင်ရေကြောင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းလိုင်စင် မရှိကြောင်းပေါ်ပေါက်ခဲ့သဖြင့် ယင်းမာပင် ခရိုင်ဥပ ဒေရုံးသို့ ဥပဒေအကြံပြုချက်ပေးနိုင်ရန် တင်ပြခဲ့ရာ ယင်းမာပင်ခရိုင်ဥပဒေရုံးမှ ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင် ရေးလုပ်ကိုင်ခွင့် ဥပဒေဖြင့် အရေးယူရန် ပြန်ကြားလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကနီမြို့နယ်၊ မိချောင်းတွင်းကျေးရွာအနီး၊ ချင်းတွင်းမြစ်အတွင်း၌ အောက်တိုဘာ ၁၅ ရက်က အောင်စိုးမိုးကျော် အမြန် ရေယာဉ် နစ်မြုပ်ခဲ့ပြီး ခရီးသည် (၇၃)ဦး အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly