အီဂျစ်တွင် ရှေးဟောင်းမြို့တော်တစ်ခုအား တူးဖော်တွေ့ရှိ

အီဂျစ်တွင် ရှေးဟောင်းမြို့တော်တစ်ခုအား တူးဖော်တွေ့ရှိ

ကိုင်ရို၊ နိုဝင်ဘာ ၂၄ ။          ။ အီဂျစ်နိုင်ငံတွင် အိမ်ယာများ၊ ပစ္စည်းကိရိယာများ၊ အိုးခွက်များနှင့် ကြီးမားသည့် သင်္ချိုင်းအုတ်ဂူများ အပါအဝင် နှစ်ပေါင်း ရ၀၀၀ ကျော်သက်တမ်းရှိ ရှေးမြို့ဟောင်းတစ်ခုအား တူးဖော်တွေ့ရှိကြောင်း ရှေးဟောင်းသုတေသနပညာရှင်များက ပြောသည်။

အဆိုပါ မြို့ဟောင်းမှာ နိုင်းမြစ်ကမ်းနားတွင် တည်ရှိပြီး Seti the First ဂူဘုရားကျောင်း၏ အနီးတွင် ရှိသည်။

အသစ်တူးဖော်တွေ့ရှိသည့် သင်္ချိုင်းအုတ်ဂူ ၁၅ ခု၏ အရွယ်အစားအရ လူနေမှုမြင့်မားမှုကို ညွှန်ပြနေကြောင်း ပညာရှင်များက ပြောသည်။

ယင်းရှေးဟောင်းမြို့တွင် အရေးပါသည့် တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဂူသင်္ချိုင်းတည်ဆောက်သူများ နေထိုင်ပြီး အီဂျစ်ခေတ်ဦးအချိန်က စည်ကားခဲ့သည့် မြို့ဖြစ်မည်ဟု ၎င်းတို့က ယုံကြည်ထားသည်။

ယခုတွေ့ရှိမှုသည် ၂၀၁၁ ခုနှစ်အတွင်း သမ္မတမိုဘာရတ် ဖြုတ်ချခံရပြီးချိန်မှစကာ ရုန်းကန်နေရသည့် အီဂျစ်ခရီးသွားလုပ်ငန်းကို မြှင့်တင်နိုင်လိမ့်မည်ဖြစ်ကြောင်း ပညာရှင်များက ဆိုသည်။

တွေ့ရှိခဲ့သည့် ရှေးဟောင်းမြို့တွင် အဆောက်အအုံများ၊ အိုးခွက်ပစ္စည်းများနှင့် သံတ္ထုနှင့် ကျောက်တို့ဖြင့် လုပ်ထားသည့် ပစ္စည်းကိရိယာတန်ဆာပလာများအား တွေ့ရှိသည်ဟု ရှေးဟောင်းသုတေသန ပညာရှင်များက အမျိုးအစား ခွဲပြထားသည်။

သို့သော် ဘီဘီစီ၏ အရှေ့အလယ်ပိုင်းသုတေသီ အလန်ဂျွန်စတန်က အရေးပါဆုံးတွေ့ရှိမှုမှာ ကြီးမားသည့် သင်္ချိုင်းအုတ်ဂူများကို တွေ့ရှိခြင်းဖြစ်သည်ဟု ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly