ထိုင်းကုန်စည်စျေးကွက် မတည်ငြိမ်မှုကြောင့် ရခိုင်ပုဇွန်စျေးကျ

ထိုင်းကုန်စည်စျေးကွက် မတည်ငြိမ်မှုကြောင့် ရခိုင်ပုဇွန်စျေးကျ

စစ်တွေ၊ နိုဝင်ဘာ ၂၄ ။                ။ ထိုင်းနိုင်ငံ၏ ကုန်စည်စျေးကွက် မငြိမ်မသက်ဖြစ်ပေါ်နေမှုကြောင့် သွင်းကုန်များအား ယာယီ ရပ်ဆိုင်းလိုက်သည့် အတွက် ရခိုင််ပြည်နယ်အတွင်းမှ အဓိက တင်ပို့နေသည့် ရေချို ပုဇွန်စျေးနှုန်းများ ကျဆင်းလာကြောင်း ရေထွက်ကုန်စည် ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်နေသူများထံမှ သိရသည်။

“ အခုလောလောဆယ်မှာတော့ ပုဇွန်တွေ စျေးကျနေပါတယ်။ အရောင်းအဝယ်တော့ ဖြစ်နေတယ်။ ကျွန်တော်တို့က ပုဇွန်ကို ထိုင်းကိုပဲ အဓိက ပို့တာဆိုတော့ ထိုင်းနိုင်ငံကို နိုင်ငံတကာက စီးပွားရေး ဖြတ်တောက်လိုက်တဲ့အတွက် ကုန်စျေးနှုန်းတွေ ကျဆင်းနေတယ်။ အဲဒါကြောင့် ကျွန်တော်တို့ဘက်ကလဲ စျေးမတည်ငြိမ်မှုတွေ ဖြစ်တာပေါ့။ ထိုင်းစျေးကွက်ဟာ မြန်မာနိုင်ငံက ထွက်တဲ့ ပုဇွန်တွေကို တင်ပို့ဖို့အတွက် အဓိက မှီခိုနေရတဲ့ စျေးကွက်ဖြစ်ပါတယ် ” ဟု ရခိုင်ပုဇွန်လုပ်ငန်းရှင် ဦးဦးအေးလှိုင်က ပြောသည်။

ရခိုင်ရေထွက်ကုန်ပစ္စည်းများကို ပြည်တွင်းစျေးကွက်တွင် ရောင်းချခြင်းထက် ပြည်ပနိုင်ငံများသို့ တင်ပို့နေခြင်းဖြစ်ပြီး လက်ရှိတွင် ထိုင်း၊ တရုတ်နှင့် ဥရောပနိုင်ငံများသို့ တင်ပို့လျက်ရှိသည်။

လက်ရှိတွင် ရေထွက်ကုန်ပစ္စည်းများကို ရန်ကုန်မှ တစ်ဆင့် ထိုင်းစျေးကွက်သို့ အများဆုံးတင်ပို့လျှက်ရှိပြီး တစ်ချို့သော ထွက်ကုန်များဖြစ်သော ဂဏန်း၊ ပုဇွန်၊ ဝက်ပိုးကောင်၊ င/စွယ် စသည့် အရှင်ကုန် ပစ္စည်းမျိုးအစား အနည်းငယ်ကိုသာ တရုတ်စျေးကွက်သို့ တင်ပို့နေရကြောင်း ရခိုင်ပြည်နယ်အတွင်းရှိ ရေထွက်ကုန်စည် ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်နေသူ များ က ပြောသည်။

ပြီးခဲ့သည့်နှစ် ယခုရာသီတွင် ၂၅၀ ဂရမ်အရွယ်ရှိ ပုဇွန် တစ်ပိဿာလျှင် ကျပ် ၄၀၀၀၀ ထိ စျေးကောင်းရရှိခဲ့သော်လည်း ယခုနှစ်တွင် ကျပ် ၃၀၀၀၀ နှင့် ၄၀၀၀၀ ဝန်းကျင်သာ ရှိတော့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်းမှ ပြည်ပသို့ တင်ပို့ရောင်းချနေကြရသည့် ပို့ကုန်များထဲတွင် အဓိက ကုန်စည် တစ်ခုအဖြစ် တင်ပို့ နေရသည့် ဂဏန်း လုပ်ငန်းမှာလည်း တရုတ်နိုင်ငံမှ ဝယ်ယူမှု ရပ်ဆိုင်းလိုက်သည့်အတွက် ဒေသတွင်း စီးပွားရေးလုပ် ငန်းရှင်များအနေနှင့် ထိခိုက်လျက်ရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly