အီဖယ်မျှော်စင်မှ လှေကားစုံတစ်ခုအား ယူရိုငွေ သန်းတစ်ဝက်ကျော်ဖြင့် ရောင်းထွက်

အီဖယ်မျှော်စင်မှ လှေကားစုံတစ်ခုအား ယူရိုငွေ သန်းတစ်ဝက်ကျော်ဖြင့် ရောင်းထွက်

ပါရီ၊ နိုဝင်ဘာ ၂၄ ။                    ။  ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ အီဖယ်မျှော်စင်မှ လှေကားစုံတစ်ခုအား ယူရိုငွေ သန်းတစ်ဝက်ကျော်ဖြင့် ရောင်းချနိုင်ခဲ့ရာ လက်ဦးခန့်မှန်းနှုန်းထက် ဆယ်ဆကျော်မျှ ပိုမိုစျေးရခဲ့ကြောင်း လေလံပွဲစီစဉ်သူများက နိုဝင်ဘာ ၂၃ ရက်တွင် ပြောသည်။

ပါရီမြို့၏ အထင်ကရ အီဖယ်မျှော်စင် ဒုတိယနှင့် တတိယကြားရှိ လှေကားအုံမှ လှေကားထစ် ၁၄ ဆင့်ကို ပါရီမြို့ရှိ လေလံရုံးတွင် အပြိုင်အဆိုင် သည်းကြီးမည်းကြီး စျေးပြိုင်ကမ်းလှမ်းကြပြီးနောက် ယူရိုငွေ ၅၂၃၈၀၀ ဖြင့် ရောင်းထွက်ခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာ ၂၂ ရက်က လေလံခေါ်ရောင်းချမှုသည် နိုင်ငံတကာဝယ်လက်အချို့၏ အာသီတကို နှိုးဆွလိုက်ကြောင်း၊ ခေါ်စျေး ယူရို နှစ်သောင်းမှ ရုတ်ခြည်း ယူရို လေးသောင်းအထိ ခုန်တက်ကာ စျေးပြိုင်   ခေါ်လာကြခြင်းဖြစ်ကြောင်း လေလံပွဲကျင်းပသည့် Artcurial ရုံးက ပြောသည်။

လေလံအောင် စျေးနိုင်သွားသူမှာ တယ်လီဖုန်းကတစ်ဆင့် လေလံဝင်ပြိုင်သည့် အာရှက ဝယ်လက်တစ်ဦးဖြစ်ကြောင်း သိရသည်။

“တယ်လီဖုန်းကနေရယ်၊ လေလံခန်းအတွင်းကနေရယ် စျေးအပြိုင်အဆိုင်ပေး ဝယ်ယူနေကြတာက ပြင်သစ်ယာဉ်ကျေးမှုကို အလေးအနက်ထားမှုကို ပြသနေတာပဲဖြစ်တယ်။”ဟု လေလံပွဲကျင်းပသူ ဖရန့်ဆွာတာဂျင်းက ပြောသည်။

အဆိုပါ လှေကားများသည် အကျော်ဇေယျပြင်သစ်အင်ဂျင်နီယာ ဂူစတိဗ်အီဖယ်က အမြင့် ၃၂၄ မီတာရှိသော အီဖယ်မျှော်စင်အား တည်ဆောက်ချိန် ၁၈၈၉ ခုနှစ်က လက်ရာများဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly