ကမ္ဘောဒီးယား ကွန်မြူနစ်သူပုန်ခေါင်းဆောင်များကို ထောင်တန်းချလိုက်ခြင်းက မြောက်ကိုရီးယားအတွက် သတင်းစကားဖြစ်ဟု ကုလသမဂ္ဂသံတမန်ပြော

ကမ္ဘောဒီးယား ကွန်မြူနစ်သူပုန်ခေါင်းဆောင်များကို ထောင်တန်းချလိုက်ခြင်းက မြောက်ကိုရီးယားအတွက် သတင်းစကားဖြစ်ဟု ကုလသမဂ္ဂသံတမန်ပြော

ဖနွမ်းပင်၊ နိုဝင်ဘာ ၂၃ ။        ။ ကမ္ဘောဒီးယားတရားရုံးချုပ်က နိုဝင်ဘာ ၂၃ ရက်တွင် ၁၉၇၀ ခုနှစ်များက ခမာကွန်မြူနစ်သူပုန်အဖွဲ့ဖြစ်သော Khmer Rouge မှ ထိပ်သီးကေဒါနှစ်ဦးကို လူသားချင်းစာနမှုကို ဆန့်ကျင်ပြီး ပြစ်မှုများ ကျုးလွန်ခြင်းအတွက် အပြစ်ရှိ၍ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်လိုက်ခြင်းသည် မြောက်ကိုရီးယားနှင့် အခြားသောဒေသများက ခေါင်းဆောင်များသို့ သတင်းစကားပေးလိုက်ခြင်းဖြစ်ကြောင်း ကုလသမဂ္ဂသံတမန်တစ်ဦးက ပြောသည်။

ခမာကွန်မြူနစ်များ၏ ၁၉၇၅-၇၉ ခုနှစ်များ၏ “လူသတ်ကွင်းများ” အတွင်း အစာရေစာပြတ်လပ်သေဆုံးခြင်း၊ ချွေးတပ်စခန်းများတွင် အားအင်ပြတ်လပ်ခြင်း၊ ရောဂါဖြစ်ခြင်းများကြောင့် သေဆုံးခြင်းနှင့် ကွပ်မျက်စီရင်မှုကြီးများတွင် တင်းပုတ်ဖြင့် ထုသတ်ခြင်းများကြောင့် အများအပြားသေဆုံးရပြီး လူဦးရေ၏ ငါးပုံတစ်ပုံနီးပါး ယင်းကာလတွင် သေဆုံးခဲ့ရသည်။

Khmer Rouge မှ ညီအစ်ကိုတော် နံပါတ် ၂ ဖြစ်သည့် နုအွန်ချီအာ (အသက် ၉၀)နှင့် သမ္မတဟောင်း ခီယိုဆမ်ဖန် (အသက် ၈၅)တို့အား လူသတ်မှုများ၊ နိုင်ငံရေးနယ်ပယ်တွင် ဖိစီးနှိပ်စက်မှုများနှင့် ၁၉၇၅ ခုနှစ်တွင် ဖနွမ်းပင်မြို့တော် ကျဆုံးပြီးနောက် အတင်းအကျပ်ရွှေ့ပြောင်းမှုများကဲ့သို့သော အခြားလူမဆန်သည့် လုပ်ရပ်ကြောင့် ကုလသမဂ္ဂကျောထောက်နောက်ခံပြုသော တရားရုံးချုပ် အထူးခုံအဖွဲ့က အပြစ်ရှိကြောင်း ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

“၎င်းတို့နှစ်ဦးအား စစ်ဆေးရေးခုံရုံးရဲ့ ပိုင်းဖြတ်ချက်ဖြစ်သော ထောင်ဒဏ်တစ်သက်တစ်ကျွန်းပြစ်ဒဏ်ကို တရားရုံးချုပ် အထူးခုံရုံးက အတည်ပြုချမှတ်ပါတယ်။”ဟု တရားသူကြီးဖြစ်သူက နိုဝင်ဘာ ၂၃ ရက်က ပြောသည်။

ခုံရုံးကြားနာမှုသို့ တက်ရောက်ခဲ့သည့် ကုလသမဂ္ဂသံတမန် ဒေးဗစ်ရှက်ဖာက တရားသူကြီးအနေဖြင့် ကမ္ဘာ့ခေါင်းဆောင်များကို သတင်းစကား ပါးလိုက်ခြင်းပါပဲဟု ပြောသည်။

“ဒီကနေ့ ခုံရုံးစီရင်ချက်က နယ်ပယ်အသီးသီးသို့ ရောက်နိုင်ပါတယ်။ ကျွန်တော် ပြောလိုတာက မြောက်ကိုရီးယားခေါင်းဆောင်ပိုင်းအနေနဲ့ ဒီကနေ့ စီရင်ချက်ကို ဆင်ခြင်ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။   နိုင်ငံတကာတရားစီရင်ရေးက နောက်ကောက်မကျပါဘူး။ ရှေ့တိုးလျက်သာပဲ ရှိနေပါတယ်။”ဟု ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly