မူးယစ်ရာဇာ အယ်လ်ချာပို ထောင်ဖောက်ပြေးရာတွင် ပါဝင်ကူညီဖွယ်ရှိသူ ခုနစ်ဦးကို ဖမ်းဆီး

မူးယစ်ရာဇာ အယ်လ်ချာပို ထောင်ဖောက်ပြေးရာတွင် ပါဝင်ကူညီဖွယ်ရှိသူ ခုနစ်ဦးကို ဖမ်းဆီး

မက္ကဆီကိုနိုင်ငံတွင် နိုင်ငံတွင်း နာမည်ကြီး မူးယစ်ရာဇာ အယ်လ်ချာပို ထောင်ဖောက်လွတ်မြောက်သွားမှုတွင် ပါဝင်ခဲ့ကြသူများ အဖြစ် သံသယရှိသူ ခုနစ်ဦးကို အာဏာပိုင်များက ဖမ်းဆီးကာ စစ်ဆေးလျက်ရှိသည်။

ဇူလိုင် ၁၇ ရက်က အမည်ထုတ်ဖော်ပြောခြင်းမရှိသည့် တာဝန်ရှိသူတစ်ဦးက ယခုကဲ့သို့ပြောခြင်းဖြစ်သော်လည်း ဖမ်းဆီးထား သူများမှာ အကျဉ်းထောင်စောင့်များနှင့် တာဝန်ရှိသူများ ဖြစ်သည်ဆိုခြင်းကို သေချာမသိရှိရသေးပေ။

နိုင်ငံ၏ လုံခြုံရေးအထူးတင်းကြပ်ရာ အယ်တီပလန်နိုအကျဉ်းထောင်မှ အယ်လ်ချာပိုက ဇူလိုင် ၁၁ ရက်ကထောင်ဖောက် လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။

လျှပ်စစ်ထောက်လှမ်းစောင့်ကြည့်ရေးကိရိယာများ ဝတ်ဆင်စေပြီး အကျဉ်းခန်းအတွင်း ၂၄ နာရီစောင့်ကြည့် စီစီတီဗီများ တပ်ဆင်စောင့်ကြည့်နေသည့်ကြားမှ အယ်လ်ချာပိုက ဥမင်တူးကာ ထောင်ဖောက်လွတ်မြောက်သွားခဲ့ခြင်းဖြစ်သည်။

အယ်လ်ချာပို ထောင်ဖောက်ပြေးမှုနှင့် ပတ်သက်ပြီး လူ သုံးဒါဇင်နီးပါးခန့်လည်း ခေါ်ယူစစ်ဆေးမေးမြန်းခဲ့သည်။

၎င်းထောင်ဖောက်ပြေးမှုဖြစ်ပွားစဉ် ပြင်သစ်နိုင်ငံသို့ ခရီးရောက်ရှိနေသည့် သမ္မတ ပီနာနီတိုက ဇူလိုင် ၁၇ ရက်က မိန့်ခွန်းပြော ကြားရာတွင် အယ်လ်ချာပို လွတ်မြောက်သွားခြင်းက လူ့အသိုင်းအဝိုင်းအတွက် အဖျက်အမှောက်များဖြစ်လာ မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

Ref: Press TV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly