သံတွဲမဲဆန္ဒနယ် ၁ မှ ပြည်နယ်ကိုယ်စားလှယ် ဦးဝင်းနိုင်နှင့် လူငယ်တစ်ဦး ယာဉ်ကြောလုရာမှ အချင်းများ

သံတွဲမဲဆန္ဒနယ် ၁ မှ ပြည်နယ်ကိုယ်စားလှယ် ဦးဝင်းနိုင်နှင့် လူငယ်တစ်ဦး ယာဉ်ကြောလုရာမှ အချင်းများ

စစ်တွေ၊ နိုဝင်ဘာ ၂၃ ။            ။ ရခိုင်ပြည်နယ် သံတွဲ မဲဆန္ဒနယ် အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်နှင့် ဒေသခံ လူငယ်တစ်ဦး တို့ ယာဉ်ကြောလုရာမှ အပြန်အလှန်ဆဲဆိုမှု တချို့ရှိခဲ့ပြီး ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၂၂ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က ကိုယ်စားလှယ် ဦးဝင်းနိုင် လိုက်ပါလာသည့် မော်တော်ကား နှင့် ဒေ သခံ ဝေယံလင်း မောင်းနှင်လာသည့် မော်တော်ယာဉ်တို့သည် ငပလီမှ သံတွဲမြို့သို့သွားရာ  အဝေးပြေးလမ်းတွင် ယာဉ် ကြောလုကြရာမှ အပြန်အလှန်ထိုးကြိတ်ခဲ့ကြသည်ဟု အင်တာနက် သတင်းများတွင် ကျယ်ပြန့်စွာ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဦးဝင်းနိုင်ကို ဆက်သွယ်မေးမြန်းရာ “ကလေးက ကျနော့် မြေးပါ။ သူလည်း မသိသလို၊ ကျနော်လည်း မသိဘူးပေါ့။ ကျနော်ရွာကထွက်လာတာ ၃၅ နှစ်တောင်   ကျော်ပြီဆိုတော့။ မနေ့ကတော့ သူ့မိဘတွေ လာတောင်းပန်ပါတယ်။ အမှုတော့ မဖွင့်ထားပါဘူး။” ဟု ပြောသည်။

အင်တာနက်သတင်းများအရ ဦးဝင်းနိုင်မှ ဝေယံလင်းအား လက်သီးဖြင့် စတင်ထိုးကြိတ်ပြီး အပြန်အရာ ထိုးကြိမ်ရာ ဦး ဝင်းနိုင်၏ ဝဲနားထင်တွင် ဖူးယောင်ဒဏ်ရာ ရရှိခဲ့ပြီး၊ ဝေယံလင်းတွင်လည်း ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

“ဒဏ်ရာရတဲ့ သတင်းက မမှန်ပါဘူး။ ကျနော် ဘာဒဏ်ရာမှ မရပါဘူး။ အတည်ပြုချက်မယူဘဲ သတင်းတွေ ဖွတော့ ဒါကို ကျနော်က အမှန်တရားဖြစ်ဖို့ ကြိုးစားပြန်ရင်လည်း ဟိုကလေး (ဝေယံလင်း) က နစ်နာနေဦးမယ်။ ဒါပေမယ့် အမှုက တော့ နဲနဲလုပ်ထားတယ်။ မဖွင့်သေးဘူး” ဟု ဦးဝင်းနိုင်က ဆိုသည်။

အဆိုပါ သတင်းနှင့် ပတ်သက်၍ သံတွဲမြို့နယ်ရဲစခန်း၊ ဂျိတ္တောစခန်းများသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ယခုကိ စ္စကို မသိရှိကြောင်းနှင့် အမှုဖွင့်ထားခြင်းလည်း မရှိကြောင်း ဖြေကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly