ရွေးကောက်ပွဲ အောင်ပွဲကျင်းပစဉ် နာဇီအလေးပြုဟန်ဖြင့် ဂုဏ်ပြုသူများကို ဒေါ်နယ်ထရမ့် ရှုတ်ချ

ရွေးကောက်ပွဲ အောင်ပွဲကျင်းပစဉ် နာဇီအလေးပြုဟန်ဖြင့် ဂုဏ်ပြုသူများကို ဒေါ်နယ်ထရမ့် ရှုတ်ချ

နယူးယောက်၊ နိုဝင်ဘာ ၂၃ ။          ။ အမေရိကန်သမ္မတ ရွေးကောက်ပွဲ အောင်ပွဲအား လက်ယာစွန်းရောက်အုပ်စုက နာဇီအလေးပြုဟန်ဖြင့် ဂုဏ်ပြုကျင်းပခဲ့ခြင်းနှင့် ပတ်သက်ပြီး ဒေါ်နယ်ထရမ့်က အပြစ်ပြောရှုတ်ချစကား ဆိုသည်။

နယူးယောက်တိုင်းမ်စ်နှင့် အင်တာဗျူးရာတွင် ထရန့်က “သူတို့ကို ကျွန်တော် ရှုတ်ချတယ်။ ပစ်ပယ်တယ်။ ကျွန်တော် ရှုတ်ချပါတယ်။”ဟု ပြောခဲ့သည်။

နာဇီလက်သစ်များ၊ လူဖြူအမျိုးသားရေးဝါဒီများ ပါဝင်သည့် alt-right အုပ်စုမျိုးကို မလိုလားကြောင်း ထရမ့်က ပြောခဲ့သည်။

ဝါရှင်တန်ဒီစီတွင် ရွေးကောက်ပွဲအောင်ပွဲအဖြစ် alt-right အုပ်စု၏ ခေါင်းဆောင်ဖြစ်သူ ရစ်ချက်စပင်ဆာက “Hail Trump” ဟု ဟစ်ကြွေးစဉ် ထောက်ခံသူများက နာဇီအလေးပြုဟန်ဖြင့် ဂုဏ်ပြုမှု ဗီဒီယိုက   နိုဝင်ဘာ ၁၉ ရက်က ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဗီဒီယိုတွင် အဖွဲ့ဝင်စည်းဝေးပွဲသို့ တက်ရောက်လာသူများအား ခေါင်းဆောင်ဖြစ်သူ ရစ်ချက်စပင်ဆာက အမေရိကန်ကို လူဖြူများသာ ပိုင်ကြောင်း ပြောသည်။ လူဖြူများဆိုသည်က နေမင်း၏ ကလေးငယ်များဖြစ်ကြောင်း ၎င်းက ညွန်းဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly