ကော့စတာရီကာနှင့် နီကာရာဂွါသို့ ဟာရီကိန်းမုန်တိုင်း အော့တို ဦးတည်နေ

ကော့စတာရီကာနှင့် နီကာရာဂွါသို့ ဟာရီကိန်းမုန်တိုင်း အော့တို ဦးတည်နေ

ပနားမားစီးတီး၊ နိုဝင်ဘာ ၂၃ ။                  ။ ကာရီဘီယံတွင် ဖြစ်ပေါ်နေသော အားပြင်းမုန်တိုင်းက ဟာရီကိန်းအဆင့်သို့ ရောက်ရှိပြီး ကော့စတာရီကာနှင့် နီကာရာဂွါတောင်ပိုင်းဒေသများသို့ ခြိမ်းခြောက်လျက်ရှိနေကြောင်း မိုးလေဝသခန့်မှန်းပညာရှင်များက ပြောသည်။

နိုဝင်ဘာ ၂၃ ရက် အစောပိုင်းတွင် ဟာရီကိန်းမုန်တိုင်း အော့တိုက ကုန်းတွင်းဝင်ရောက်ချိန် လေတိုက်နှုန်း တစ်နာရီ မိုင် ၉၀ ရှိမည်ဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

မုန်းတိုင်းချဉ်းကပ်၍ ရာသီဥတုပြင်းထန်ဆိုးဝါးခြင်းကြောင့် ပနားမားတွင် အနည်းဆုံး လူလေးဦး သေဆုံးသည်။

ဟာရီကိန်း အော့တိုမုန်တိုင်းက နိုဝင်ဘာ ၂၂ ရက်တွင် မရွှေ့လျားသလောက်နီးပါးရှိရာမှ အနောက်ဖက်သို့ တစ်နာရီ နှစ်မိုင်နှုန်းဖြင့် ဦးတည်ရွှေ့လျားလျက်ရှိကြောင်း ပညာရှင်များက ပြောသည်။

ကော့စတာရီကာမြောက်ပိုင်းနှင့် နီကာရာဂွါတောင်ပိုင်းသို့ ချည်းကပ်နေစဉ် လက်ရှိ၌ အော့တိုဟာရီကိန်းမုန်တိုင်းက တစ်နာရီ လေတိုက်နှုန်း ရ၅ မိုင်ရှိကြောင်း အမေရိကန်အမျိုးသားဟာရီကိန်း စင်တာက   ပြောသည်။

မုန်တိုင်းက လက်ရှိတွင် ကော့စတာရီကာရှိ လီမွန်ကမ်းခြေအရပ်တွင် ဗဟိုပြုနေသည်။ နိုဝင်ဘာ ၂၃ ရက်အစောပိုင်း ကုန်တွင်းပိုင်းဝင်ရောက်ချိန်တွင် မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုများဖြစ်နိုင်ပြီး ယင်းမုန်တိုင်းက ကုန်းတွင်းကို ဖြတ်ကာ ပစိဖိတ်သမုဒ္ဒရာသို့ ဝင်ရောက်သွားနိုင်ဖွယ်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags