အမရပူရမြို့နယ်၊ အထက်တန်းကျောင်း(မြစ်ငယ်)တွင် မူးယစ်ဆေးဝါး ပညာပေး ဟောပြောပွဲပြုလုပ်

အမရပူရမြို့နယ်၊ အထက်တန်းကျောင်း(မြစ်ငယ်)တွင် မူးယစ်ဆေးဝါး ပညာပေး ဟောပြောပွဲပြုလုပ်

မန္တလေး၊နိုဝင်ဘာ ၂၂ ။         ။ မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ အခြေခံပညာ အထက်တန်းကျောင်း(မြစ်ငယ်)တွင်  နိုဝင်ဘာလ ၂၂ရက်၊ နံနက် ၉ နာရီက ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါဟောပြောပွဲကို မန္တလေးတိုင်းဒေသကြီး၊ အခြေခံပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံစေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးအသင်းတို့မှ ပူးပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံစေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးအသင်းမှ အတွင်းရေးမှူး ဦးမြင့်သန်းက "ကျောင်းသူကျောင်းသားတွေအနေနဲ့ မူးယစ်ဆေးဝါး ဆိုးကျိုးတွေ သိဖို့ရယ်၊ မူးယစ်ဆေးတွေရဲ့ အကြောင်းတွေ သိဖို့ရယ်အတွက် အခုလို ဟောပြောပွဲတွေလုပ်နေတာပါ။ ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက် ကောင်းပါတယ် " ဟု ပြောသည်။

ဟောပြောပွဲတွင် ကျောင်းသူ၊ ကျောင်းသား ၄၆၆ ဦး တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံစေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးအသင်းမှ ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်အတွင်းရေးမှူး ဦးမြင့်သန်းတို့က မူးယစ်ဆေးဝါးသမိုင်းကြောင်းများ၊ မူးယစ်ဆေးဝါး အမျိုးအစားများအကြောင်းနှင့် မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များကို ဟောပြောခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly