ရှာရီယာ ရဲတပ်ဖွဲ့ဆိုသူများအား ဂျာမနီတရားရုံးက တရားသေလွှတ်

ရှာရီယာ ရဲတပ်ဖွဲ့ဆိုသူများအား ဂျာမနီတရားရုံးက တရားသေလွှတ်

ဘာလင်၊ နိုဝင်ဘာ ၂၂ ။                ။ ဂျာမနီနိုင်ငံတွင် အစ္စလာမ်ဘာသာဝင်များ လိုက်နာရသည့် တားမြစ်ဥပဒေဖြစ်သော ရှာရီယာဥပဒေနှင့် အညီဖြစ်ရန် လမ်းပေါ်စောင့်ကြပ်ကာ တားမြစ်ဆော်သြမှုများ လုပ်ဆောင်သည့် မွတ်စလင်ခုနစ်ဦးအား တရားရုံးက တူညီဝတ်စုံဝတ် နိုင်ငံရေးလှုပ်ရှားမှုနှင့်ဆိုင်သော political uniforms ဥပဒေကို ချိုးဖောက်ခြင်းမရှိဟု ဆိုကာ တရားသေလွှတ်လိုက်သည်။

အနောက်ပိုင်းမြို့တစ်မြို့ဖြစ်သော ဝူပါတဲလ်တွင် ၂၀၁၄ ခုနှစ်အတွင်း ရှာရီယာရဲတပ်ဖွဲ့ Sharia Police ဆိုသည့် စာတမ်းပါ လိမ္မော်ရောင်တူညီဝတ်စုံဝတ် ၎င်းမွတ်စလင်ခုနစ်ဦးက လူအများထံ ချဉ်းကပ်ပြီး တားမြစ်ဆော်သြမှုများ လုပ်ဆောင်ခဲ့ခြင်းကြောင့် စိတ်ဆိုးဒေါသထွက်စရာများဖြစ်ခဲ့ရသည်။

၎င်းတို့က အဆိုပါ တူညီဝတ်စုံများ ဝတ်လျက် ဒေသခံများအား လောင်းကစား မလုပ်ရန်၊ တေးသီချင်းဂီတနားမထောင်ကြရန်နှင့် အရက်မသောက်ကြရန် တောင်းဆိုဆော်သြမှုများ လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ ရှာရီယာရဲတပ်ဖွဲ့ဆိုသည်ကို အစ္စလာမ်တရားဟောဆရာအဖြစ် သိထားကြသည့် စဗန်လူးဆိုသူက ဦးဆောင်ဖွဲ့စည်းခြင်းဖြစ်သည်။

၎င်းအား ဆီးရီးယားရှိအစွန်းရောက်များကို အထောက်အပံ့ပြုနေသည် စွပ်စွဲချက်ဖြင့် စစ်ဆေးလျက် ရှိနေသည်။

ထိုရှာရီယာရဲတပ်ဖွဲ့၏ လုပ်ဆောင်ပုံများ ယူကျု့ပေါ်တက်လာခဲ့ရာ ဂျာမနီရှိ မွတ်စလင်ဗဟိုကောင်စီက ထိုသူများ၏ အပြုအမှုသည် မွတ်စလင်များကို ထိခိုက်စေကြောင်း ရှုတ်ချခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly