နိုဝင်ဘာ ၂၂၊ လီဗာပူးလ်။ ။ စတီဗင်ဂျရတ်သည် အမ်ကေဒွန်းအသင်းနည်းပြရာထူးကို ငြင်းပယ်ခဲ့ပြီးနောက် လီဗာပူးလ်သို့ပြန်ရန် တံခါးဖွင့်ထားပြီဖြစ်သည်။
လီဗာပူးလ်ဂန္ထဝင်ကစားသမားသည် ကားလ်ရောဘင်ဆင်နေရာကို ဆက်ခံရန် လိဂ်ဝမ်းကလပ် အမ်ကေဒွန်းနှင့် ဆွေးနွေးမှုများစွာ ပြုလုပ်ခဲ့သည်။
သို့သော် အခြားနေရာသို့သာသွားရန် ဆုံးဖြတ်ခဲ့ပြီး အသင်းဟောင်းလီဗာပူးလ်၏ နည်းပြအဖွဲ့တွင် ပါဝင်လာနိုင်သည့် အနေအထား ဖြစ်ဖွယ်ရှိနေသည်။
နည်းပြ ကလော့ပ်သည် ဂျရတ်ကို ကြိုဆိုနေမည်ဖြစ်ကြောင်း အမြဲပြောဆိုထားပြီး အသင်းအနေဖြင့်လည်း ကစားသမားဟောင်းကို ဆွေးနွေးရန် အသင့်အနေအထားရှိနေပြီဟု ယူဆရသည်။
သို့သော် လီဗာပူးလ်အသင်းမှာ ပရီးမီးယားလိဂ်ဖလားလုပွဲအတွက်အရေးပါသော ခရစ္စမတ်ပွဲကျပ်ကာလကိုဖြတ်သန်းရမည်ဖြစ်၍ ဂျာမန်နည်းပြအနေဖြင့် လိဂ်နားရက်များရောက်မှသာ ပိုမိုဆွေးနွေးနိုင်ဖွယ်ရှိနေသည်။
Ref; Mirror