အကျင့်ပျက်ခြစားမှုအရှုပ်တော်ပုံတွင် သမ္မတပတ်ဂွန်ဟေး ပါဝင်ပတ်သက်မှုရှိဟုဆို

အကျင့်ပျက်ခြစားမှုအရှုပ်တော်ပုံတွင် သမ္မတပတ်ဂွန်ဟေး ပါဝင်ပတ်သက်မှုရှိဟုဆို

ဆိုးလ်၊ နိုဝင်ဘာ ၂၁ ။            ။ အကျင့်ပျက်ခြစားမှုအရှုပ်တော်ပုံတွင် အဓိကယုံကြည်ရသူအပါအဝင် တောင်ကိုရီးယားသမ္မတပတ်ဂွန်ဟေးပါ ပါဝင်ပတ်သက်မှုရှိသည်ဟု အစိုးရရှေ့နေများက ပြောလိုက်သည်။

သမ္မတ၏ လူယုံတော် ချောင်ဆောင်စီနှင့် လက်ထောက်နှစ်ဦးအား စစ်ဆေးပြီးနောက် ရှေ့နေချုပ် လီယောင်ယိုးက အကျင့်ပျက်ခြစားမှုအရှုပ်တော်ပုံ၌ သမ္မတပတ်ဂွန်ဟေးက ပူးပေါင်းပါဝင်သူတစ်ဦးဖြစ်ကြောင်း ပြောခဲ့သည်။

ပတ်ဂွန်ဟေး၏ ရှေ့နေများကမူ တရားလိုရှေ့နေအဖွဲ့က စိတ်ကူးယဉ်ဇာတ်လမ်း ဖန်တီးနေသည်ဟု ပြောသည်။

သမ္မတအနေဖြင့် တရားစွဲဆိုခံရခြင်းမှ ကင်းလွတ်ခွင့်ရသော်လည်း ဆန္ဒပြမှုများနှင့် ရင်ဆိုင်နေရကာ အတိုက်အခံများကလည်း နုတ်ထွက်ပေးရေး တောင်းဆိုလျက်ရှိသည်။

သမ္မတပတ်ဂွန်ဟေးကိုလည်း မကြာမီစစ်ဆေးမေးမြန်းမည်ဖြစ်ကြောင်း ရှေ့နေချုပ်က ဆိုသည်။

စုံစမ်းစစ်ဆေးမှုများကို ပူးပေါင်းဆောင်ရွက်မည်ဟု ယခင်က ပတ်ဂွန်ဟေးက ကတိခံထားသော်လည်း ၎င်း၏ ရှေ့နေ ယိုယောင်ဟာက သမ္မတပတ်ဂွန်ဟေးအနေဖြင့် အစိုးရရှေ့နေများနှင့်   တွေ့ဆုံအစစ်ခံမည် မဟုတ်ဘဲ လွတ်လပ်သောအဖွဲ့တစ်ရပ်ဖြင့်သာ အစစ်ဆေးခံမည်ဖြစ်ကြောင်း နောက်ပိုင်းတွ် ပြောသည်။

ယခုရှေ့နေအဖွဲ့၏ စွပ်စွဲမှုသည် မတရားသည့် နိုင်ငံရေးတိုက်ခိုက်မှုဖြစ်ကြောင်း ပတ်ဂွန်ဟေး၏ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly