လမ်းပတ်နှင့်ဂျရတ်တို့ ပရီးမီးယားလိဂ်တွင် ကစားနိုင်စွမ်းရှိသေးဟု ရက်ဒ်နက်ပ်ပြော

လမ်းပတ်နှင့်ဂျရတ်တို့ ပရီးမီးယားလိဂ်တွင် ကစားနိုင်စွမ်းရှိသေးဟု ရက်ဒ်နက်ပ်ပြော

နိုဝင်ဘာ ၂၁၊ လန်ဒန်။              ။ မေဂျာလိဂ်မှထွက်ခွာလာသည့် ဂျရတ်နှင့်လမ်းပတ်တို့သည် ပရီးမီးယားလိဂ်တွင် ကစားနိုင်စွမ်းရှိနေသေးသည်ဟု ဟယ်ရီ ရက်ဒ် နက်ပ်က ယုံကြည်နေသည်။

အင်္ဂလန်အသင်းအတွက် နှစ်ယောက်ပေါင်း ပွဲ ၂၀၀ ကျော်ကစားထားသည့် ကစားသမားဟောင်းနှစ်ဦးသည် မကြာသေးမီကမှ အမေရိကန်မေဂျာလိဂ်ကလပ်များမှ ထွက်ခွာလာခဲ့သည်။

ဂျရတ်သည် အယ်လ်အေဂလက်ဇီမှထွက်ခွာခဲ့ပြီး လမ်းပတ်သည် နယူးယော့ခ်စီးတီးမှ ထွက်ခွာခဲ့ခြင်းဖြစ်သည်။ ဂျရတ်သည် အမ်ကေဒွန်းစ်အသင်းနည်းပြအဖြစ်လည်းကောင်း၊ ဆဲလ်တစ်ကစားသမားအဖြစ်လည်းကောင်း ချိတ်ဆက်ခံနေရပြီး လမ်းပတ်မှာ ချယ်လ်ဆီးအသင်းသို့ပြန်သွားမည်ဟု သတင်းထွက်နေသည်။

အင်္ဂလန်နည်းပြဟောင်း ဟယ်ရီရက်ဒ်နက်ပ်က “ကျွန်တော်သာ အမှတ်ပေးဇယားအောက်နားကအသင်းတစ်သင်းရဲ့ နည်းပြဖြစ် ခဲ့မယ်ဆိုရင် သူတို့နှစ်ယောက်ကို လေဆိပ်မှာသွားစောင့်နေပြီး စာချုပ်လိုက်မှာပါ။

ကျွန်တော်သာ ခရစ္စတယ်ပဲလေ့စ်နည်းပြ အလန်ပါဂျူးနေရာမှာဆိုရင် လမ်းပတ်ကို ခေါ်မိမှာပါ”ဟု ပြောသည်။

မန်ယူကွင်းလယ်ကစားသမားဟောင်း အိုဝင်ဟားဂရေ့ဗ်ကလည်း ရက်ဒ်နက်ပ်ကိုထောက်ခံခဲ့ပြီး အသက် ၃၀ ကျော်ကစားသမား နှစ်ဦးမှာ ပရီးမီးယားလိဂ်တွင်ကစားနိုင်စွမ်းရှိသေးသည်ဟု ပြောသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly