အမေရိကန်စံတန်ဖိုးများကို ခြိမ်းခြောက်လာပါက ထရမ့်အား အရပ်သားအဖြစ် ဝေဖန်သွားမည်ဟု အိုဘားမားပြော

အမေရိကန်စံတန်ဖိုးများကို ခြိမ်းခြောက်လာပါက ထရမ့်အား အရပ်သားအဖြစ် ဝေဖန်သွားမည်ဟု အိုဘားမားပြော

နယူးယောက်၊ နိုဝင်ဘာ ၂၁ ။             ။ အမေရိကန်စံတန်ဖိုးများကို သမ္မတ အရိုက်အရာဆက်ခံသူ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်နေသည်ဟု ခံစားရပါက အိမ်ဖြူတော်မှ ထွက်ခွာပြီးလည်း အရပ်သားတစ်ဦးအဖြစ် ဝေဖန်ပြောဆိုသွားမည်ဟု အမေရိကန်သမ္မတ အိုဘားမားက ပြောသည်။

အစဉ်အလာအားဖြင့် သမ္မတဟောင်းများအနေဖြင့် နိုင်ငံရေးနယ်ပယ်မှ ထွက်ခွာပြီး ဆက်ခံသည့် သမ္မတအား မှတ်ချက်ပေးဝေဖန်ခြင်းများကို ရှောင်ကြဉ်ကြခြင်းဖြစ်သည်။

ပီရူးနိုင်ငံ လီမာမြို့တော်တွင် ကျင်းပသော သတင်းစာရှင်းလင်ပွဲ၌ ပြောဆိုရာတွင် အိုဘားမားက ဒေါ်နယ်ထရမ့်ကို အကူအညီပြုသွားဖို့ ရည်ရွယ်ရင်းရှိကြောင်း ပြောသည်။

သို့သော် ရိုးရိုးအရပ်သားတစ်ဦးအနေဖြင့် ကံသေကံမပြောနိုင်သော ကိစ္စရပ်များတွင် ဝေဖန်ထောက်ပြမှုများ လုပ်ဆောင်သွားမည်ဟုလည်း အိုဘားမားက ပြောသည်။

“သမ္မတ တာဝန်ကို ကျွန်တော်အနေနဲ့ လေးစားပါတယ်။ ရွေးကောက်ခံသမ္မတကို လုပ်ငန်းစဉ်တွေ ဖော်ဆောင်နိုင်မယ့် အခွင့်အလမ်း ရရှိစေလိုတယ်။”ဟု အိုဘားမားက ပြောသည်။

“ဒါပေမယ့် ကျွန်တော်တို့ရဲ့ တန်ဖိုး၊ ကျွန်တော်တို့ရဲ့ စံနှုန်းများအတွက် မေးခွန်းထုတ်စရာများ ဖြစ်လာခဲ့ပြီလို့ ကျွန်တော်ထင်မြင်လာရင် ဒါကို ထောက်ပြဝေဖန်သွားမှာပဲဖြစ်ပါတယ်။”ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly