နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်လိုသည်ဟု တရုတ်သမ္မတအား ဂျပန်ဝန်ကြီးချုပ် ပြော

နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်လိုသည်ဟု တရုတ်သမ္မတအား ဂျပန်ဝန်ကြီးချုပ် ပြော

လီမာ၊ နိုဝင်ဘာ ၂၁ ။             ။ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက တရုတ်သမ္မတ ရှီကျင့်ဖျင်အား ၎င်းအနေဖြင့် လာမည့်နှစ်များတွင် နှစ်နိုင်ငံအပြန်အလှန်ဆက်ဆံရေးအတွက် အဓိကနှစ်ပတ်လည်များကို ဖော်ဆောင်ခြင်းဖြင့် တရုတ်နိုင်ငံနှင့် ဆက်ဆံရေး ပိုမိုကောင်းမွန်စေရန် ရည်ရွယ်ရင်းရှိသည်ဟု ပြောဆိုခဲ့ကြောင်း ဂျပန်အစိုးရပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

ပီရူးနိုင်ငံ လီမာမြို့တော်တွင် ကျင်းပသော အာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အေပက်အစည်းအဝေးသို့ တက်ရောက်စဉ် တရုတ်နှင့် ဂျပန်ခေါင်းဆောင်နှစ်ဦးက တွေ့ဆုံဆွေးနွေးခဲ့သည်။

လာမည့်နှစ်တွင် သံတမန်ဆက်ဆံရေး ၄၅ နှစ်မြောက်နှင့် ၂၀၁၈ တွင် ဂျပန်-တရုတ် ငြိမ်းချမ်းရေးနှင့် မိတ်ဖက်ပြုရေးပဋိညာဉ် နှစ်လေးဆယ်မြောက်တို့အား ကျင်းပဖော်ဆောင်ခြင်းနှင့်အတူ ဆက်ဆံရေးတိုးတက်ကောင်းမွန်အောင် ဖော်ဆောင်သွားလိုကြောင်း ရှင်ဇိုအာဘေးက သမ္မတရှီကျင့်ဖျင်အား ပြောခဲ့သည်ဟု ယင်းပြောဆိုခွင့်ရှိသူက ဆိုသည်။

ဂျပန်ဖက်က ကမ်းလှမ်းချက်ကြောင့် သမ္မတရှီကျင့်ဖျင်က ဝန်ကြီးချုပ်အာဘေးနှင့် တွေ့ဆုံခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

“သမ္မတရှီကျင့်ဖျင်က တရုတ်-ဂျပန် ဆက်ဆံရေးဖွ့ံဖြိုးမှုနှင့် ပတ်သက်ပြီး တရုတ်၏ မူကို ရှင်းလင်းပြောဆိုခဲ့ကြောင်း” ယင်းဝန်ကြီးဌာနက ဖော်ပြသော်လည်း အသေးစိတ် မထုတ်ပြန်ပေ။

ကမ္ဘာ့ ဒုတိယနှင့် တတိယစီးပွားရေးအကြီးဆုံးနိုင်ငံများဖြစ်သော တရုတ်နှင့် ဂျပန်ကြား ဆက်ဆံရေးက ပိုင်နက်နယ်မြေအငြင်းပွားမှုကြောင်း ဆက်ဆံရေးတင်းမာနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly