ကစားကွက်ပြောင်းပြီးနောက် အမှတ်ပေးဇယား ထိပ်ဆုံးသို့ ရောက်လာရသည်ကို မယုံကြည်နိုင်ဟု ချယ်လ်ဆီးနည်းပြကွန်တီပြော

ကစားကွက်ပြောင်းပြီးနောက် အမှတ်ပေးဇယား ထိပ်ဆုံးသို့ ရောက်လာရသည်ကို မယုံကြည်နိုင်ဟု ချယ်လ်ဆီးနည်းပြကွန်တီပြော

နိုဝင်ဘာ ၂၁၊ နိုဝင်ဘာ ။             ။ မစ်ဒယ်ဘရော့အသင်းအား အနိုင်ရပြီးနောက်တွင် ချယ်လ်ဆီးနည်းပြကွန်တီက ကစားကွက်ပြောင်းလဲခဲ့ပြီးနောက် အမှတ်ပေးဇယားထိပ်ဆုံးသို့   ရောက်ရှိလာရသည်ကို မယုံကြည်နိုင်ကြောင်း ပြောဆိုလိုက်သည်။

နည်းပြကွန်တီသည် မူလက ၄-၂-၃-၁​ ကစားကွက်ကို အသုံးပြုခဲ့သော်လည်း လီဗာပူးလ်နှင့် အာဆင်နယ်အသင်းတို့ကို ရှုံးနိမ့်ပြီးနောက်တွင် ၃-၄-၃ ကစားကွက်သို့ ပြောင်းလဲကစားခဲ့သည်။ ထို့နောက် ခြောက်ပွဲဆက်တိုက် ပေးဂိုးမရှိဖြင့် အနိုင်ရခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးသို့ ရောက်ရှိလာခဲ့သည်။

ပရီးမီးယားလိဂ်တွင် ခြောက်ပွဲဆက်တိုက် ပေးဂိုးမရှိအနိုင်ရခြင်းမှာ လွန်ခဲ့သည့်ခြောက်နှစ်နောက်ပိုင်း ပထမဆုံးဖြစ်သည်။

မစ်ဒယ်ဘရော့အား အနိုင်ရပြီးနောက်တွင် ချယ်လ်ဆီးနည်းပြ ကွန်တီက ‘လီဗာပူးလ်နဲ့ အာဆင်နယ်ကိုရှုံးပြီးတဲ့နောက်မှာ ခြောက်ပွဲဆက်တိုက် ပေးဂိုးမရှိနဲ့အနိုင်ရပြီး ထိပ်ဆုံးကိုရောက်လာတာကို ယုံကြည်ဖို့ မလွယ်ပါဘူး။

အခုအချိန်မှာ ကျွန်တော်တို့က ချန်ပီယံဆုအတွက် ရေပန်းစားတယ်လို့ ပြောဖို့ ခက်ပါတယ်။ လွန်ခဲ့တဲ့ တစ်လခွဲလောက်ကဆိုရင် ကျွန်တော်တို့ နှစ်ပွဲတောင်ရှုံးခဲ့တာပါ။ အဲ့နောက်ပိုင်းမှာဆိုရင် ချယ်လ်ဆီးက ချန်ပီယံဆုကို စိန်ခေါ်နိုင်မယ့်အသင်းမဟုတ်ခဲ့ပါဘူး။ ဒါကြောင့် ကျွန်တော့်အနေနဲ့ ရာသီဝက်ပြီးဆုံးချိန်အထိ စောင့်ကြည့်ချင်ပါတယ်။

ကျွန်တော်တို့ ဒီပုံစံအတိုင်းဆက်လက်ကြိုးစားသွားမှာပါ။ ဒါက အရေးကြီးပါတယ်။ ပရီးမီးယားလိဂ်မှာ ပွဲတိုင်းက ဖိအားများပါတယ်။ ရာသီအစကနေ အဆုံးအထိ ပုံစံကောင်းနဲ့သွားနိုင်ဖို့ လိုပါတယ်’ ဟု ပြောဆိုခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly